15 February 2025 /

See today's Peace Related News

သတင်းလပိုင်းအတွင်း ကချင်ဒေသ စစ်ရှောင်အသစ်ထပ်တိုးလာ၊ ကူညီထောက်ပံ့မှုလိုအပ်နေကြောင်း အရပ်ဘက်အဖွဲ့အစည်းများ ထုတ်ပြန်

လပိုင်းအတွင်း ကချင်ဒေသ စစ်ရှောင်အသစ်ထပ်တိုးလာ၊ ကူညီထောက်ပံ့မှုလိုအပ်နေကြောင်း အရပ်ဘက်အဖွဲ့အစည်းများ ထုတ်ပြန်

၁၀ ဇွန် ၂၀၂၁

ကချင်ပြည်နယ်တွင် ပြီးခဲ့သော လများအတွင်း တိုက်ပွဲများကြောင့် စစ်ရှောင်လူဦးရေ ၈၅၀၀ ခန့် ထွက်ပေါ်ခဲ့ပြီး အများစုမှာ မိုးမောက် ၊ မံစီနှင့် ရွှေကူမြို့နယ်များမှ ဖြစ်ကြောင်း Joint Strategy Team က ထုတ်ပြန်ချက်လိုက်သည်။

ယနေ့ ကချင်ဒေသတကျော့ပြန်စစ်ပွဲ ၁၀ နှစ်ပြည့်နေ့တွင် ကချင်အရပ်ဘက်ကူညီရေးအဖွဲ့များပူးပေါင်းထား သော JST ၏ ထုတ်ပြန်ချက်တွင် မိုးမောက်၊ မံစီနှင့် ရွှေကူ မြို့နယ်အတွင်းနေရာ ၄၂ ခုမှ စစ်ရှောင်အသစ် ၆၀၀၀ ခန့် ထွက်ပေါ်လာကြောင်း ဆိုထားသည်။

Covid-19 ကြောင့် နယ်စပ်ဖြတ်ကျော်သွားလာမှုများကန့်သတ်ခံရသလို၊ စစ်တပ်၏ အာဏာသိမ်းမှုကြောင့် စစ်ရှောင်များအတွက် လိုအပ်သော ကူညီထောက်ပံမှုများ ပို့ဆောင်ပေးရန် ခက်ခဲလာခြင်းနှင့် ငွေသား ထုတ်ယူရာတွင်လည်း ရာခိုင်နှုန်းပေးကာ ထုတ်ယူရသည့်အခြေအနေရှိနေကြောင်း ဖော်ပြထားသည်။

ထို့အပြင် ယနေ့တွင် ကချင်ငြိမ်းချမ်းရေးကွန်ရက်ကလည်း ကချင် တကျော့ပြန်စစ်ပွဲ ၁၀ နှစ်ပြည့်နေ့တွင် နိုင်ငံတကာအစိုးရများ၊ အာဆီယံနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် လူ့အခွင့်အရေးကောင်စီသို့ တောင်း ဆိုမှု စာထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ထိုအထဲတွင် မတရားဖမ်းဆီးခံရသူများ အမြန်လွတ်မြောက်စေရန် နိုင်ငံတကာမှ ဖိအားပေးရန်၊ အရပ်သားများနေထိုင်သောနေရာများတွင် လေယာဉ်ပျံသန်းကင်းမဲဇုန်ထားရှိပေးရန် ၊ အကြမ်းဖက် စစ်တပ်ကို ဝင်ငွေရစေသည့်လမ်းကြောင်းနှင့် စစ်လက်နက်နည်းပညာထောက်ပံ့နေသူများကို အရေးယူပိတ်ဆို့ပေးရန်လည်း တောင်းဆိုထားသည်။

စစ်ပွဲ ၁၀ နှစ်ပြည့်အစီစဉ်ကို လက်ရှိနိုင်ငံရေးအခြေအနေကြောင့် ယခင်နှစ်များလို အစီစဉ်ကြီးဖြင့် ပြုလုပ်နိုင်ခြင်းမရှိဘဲ စစ်ရှောင်စခန်းများတွင် ဆုတောင်းခြင်းသာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ် တကျော့ပြန်စစ်ပွဲကြောင့် ယခင်ကတည်းက စစ်ရှောင် ၁ သိန်းကျော်ရှိ နေပြီးဖြစ်ကာ အများစုသည် ၂၀၂၁ နှစ်ဆန်းတွင် နေရပ်ပြန်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ သို့သော် စစ်တပ် အာဏာသိမ်းလိုက်သောကြောင့် စစ်ရှောင်များမှာ နေရပ်ပြန်ရန် ပိုမို စိုးရိမ်သွားခဲ့ကြောင်း ပြောဆိုနေ ကြသည်။

ပြီးခဲ့သည့်လပိုင်းအတွင်း အင်ဂျန့်ယန်၊ မိုးမောက်၊ မံစီ၊ ရွှေကူ နှင့် ဖားကန့် မြို့နယ်များတွင် တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာသောကြောင့် ဒေသခံများမှာ စစ်ရှောင်အသစ်အဖြစ် ထွက်ပြေးခိုလှုံနေရကြောင်း သိရသည်။

KNG – ပေးပို့သည်။

Skin disease outbreaks among Kyaukphyu IDPs escalate

There is an urgent need for medicines as the spread of skin disease continues to rise in the displacement camps in Kyaukphyu Township, Arakan...

Entire villages forced to flee as junta continues daily artillery fire in Nyaung Shwe

Local residents report that entire villages in Nyaung Shwe Township, Shan State, have been forced to flee due to daily artillery shelling by military...

Junta recruits university students in Mawlamyine with promises of military service exemption

Students studying at universities in Mawlamyine, Mon State, report that they are being encouraged to attend military training courses offered by the military junta...