5 ဖေ‌ဖော်ဝါရီ 2025 /

See today's Peace Related News

ALP ဦးစီးချုပ်နှင့် အရာရှိ ၂ ဦး လွတ်လပ်ရေးနေ့ အခမ်းအနားမှအပြန် ပစ်သတ်ခံရ

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) စစ်ဦးစီချုပ်အပါအဝင် သုံးဦး ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယနေ့နံနက်က ပစ်သတ်ခံလိုက်ရသည်ဟု ALP တာဝန်ရှိသူက အတည်ပြုပြောသည်။

ဇန္နဝါရီလ ၄ ရက်နေ့ (ယနေ့) နံနက်ပိုင်းတွင်ပြုလုပ်မည့် လွတ်လပ်ရေးနေ့အခမ်းအနားကို သွားတက်ရောက်ပြီး အပြန်တွင် ပစ်သတ်ခံလိုက်ရခြင်းဖြစ်သည်ဟု ALP ဒု-ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနကို ပြောသည်။

“ကားတစ်စီးက လမ်းဘေးမှာ လုပ်ကြံခံထားရတာတွေ့တော့ တပ်မှူးတစ်ယောက် သွားတွေ့တယ်။ အဲ့ဒီတပ်မှူးက သွားကြည့်လိုက်တဲ့အခါမှာ ကိုယ့်လူတွေဖြစ်နေလို့ မြို့နယ်မှူးကို အကြောင်းကြားတယ်လို့ ပြောတယ်။ အခုက အန်တီက ကြားလာတာက အခင်းဖြစ်လို့ နောက်သုံးနာရီလောက်အကြာမှာမှ သိလိုက်ရတာဆိုတော့ ဘာမှလည်း အတိအကျ မပြောနိုင်သေးဘူး။ သေသွားတာတော့ သေသွားပြီ” ဟု ဒေါ်စောမြရာဇာလင်းက ပြောသည်။

စစ်တွေမြို့ရှိ ဝေသာလီကွင်းတွင် ကျင်းပသည့် လွတ်လပ်ရေးနေ့ အခမ်းအနားပွဲတက်ပြီး အပြန် စက်ရုံစုရပ်ကွက်၊ ဆီတန်းဆိုသည့် နေရာအရောက်တွင် ပစ်ခတ်အသတ်ခံလိုက်ရခြင်းဖြစ်သည်ဟု ဒေသခံများက ပြော သည်။

သေဆုံးသွားသူ ၃ ဦးအနက် ALP ၏ စစ်ဦးစီးချုပ်နှင့် တပ်ရင်းမှူး ပါဝင်သည်မှာလည်း မှန်ကန်ကြောင်း ဒေါ်စောမြရာဇာလင်းက အတည်ပြုပြောသည်။

ဒေါ်စောမြရာဇာလင်းက “ဘာမှလည်း မပြောချင်ဘူး။ သတ်ချင်လို့လာသတ်တာ။ သေသွားတဲ့လူလည်း သေသွားပြီ။ ဒီထက် ဘာမှ မပြောချင်တော့ဘူး။ အန်တီက ပြောဖို့အတွက် အရမ်းအခက်အခဲရှိသွားလိမ့်မယ်။ အခု ဒီလောက်ပဲ အန်တီပြောပြရစေ။ သတ်ချင်လို့လာသတ်တယ်။ သေသွားတဲ့လူက သေသွားပြီ။ ရခိုင်ပြည်ရဲ့ လုံခြုံရေးအခြေအနေက အဲ့ဒီလောက်ထိ အခက်အခဲရှိနေတယ်ဆိုတာကိုပဲ ပြောချင်တာ” ဟု ပြောသည်။

ရခိုင်ပြည်လွတ်‌မြောက်ရေးပါတီ ALP ပါတီ၏ စစ်ဦးစီးချုပ် ခိုင်စောမြ၊ တပ်ရင်းမှူး ခိုင်ကျော်စိုးနှင့် ဗိုလ်ကြီးအဆင့်ရှိသူ ခိုင်သူရိန်တို့ သုံးဦးကို အမည်မသိ သေနတ်သမားများက အနီးကပ် သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

သေဆုံသွားသူများမှာ ဦးခေါင်း၊ မေးစေ့၊ ခန္ဓာကိုယ်နှင့် ပေါင်များတွင် ဖောက်ထွက်ဒဏ်ရာများအပြင် နားအောက်နှင့် ဘယ်ဘက် နားထင်အထက်တို့တွင် သေနတ်ဒဏ်ရာများရရှိခဲ့ကာ သေဆုံးခဲ့ခြင်းဖြစ်သည် ရခိုင်အခြေစိုက် သတင်းဌာနများက မျက်မြင်တွေ့ရှိသူများကို ကိုးကားလျက် ရေးသားထားသည်။

သေဆုံးသွားသည့် ALP စစ်ဦးချုပ်အပါအဝင် ၎င်းတို့သုံးဦး၏ ရုပ်အလောင်းများကို စစ်တွေဆေးရုံရှိ ရင်ခွဲရုံတွင် ထားရှိသည်ဟုလည်း ဒေသခံများက ပြောသည်။

ALP သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းဖြစ်ပြီး ဒီဇင်ဘာလအတွင်းမှာပင် အပစ်ရပ်လက်မှတ်ထိုး ၅ ဖွဲ့ စစ်ကောင်စီတို့ တွေ့ဆုံရာတွင် ပါဝင်ခဲ့သည့် အဖွဲ့လည်းဖြစ်သည်။

ALP သည် စစ်ကောင်စီနှင့်တွေ့ဆုံကာ ရခိုင်ပြည်နယ်တွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပြင် လုပ်ဆောင်မည်ဟု ပြောဆိုထားသော်လည်း ပြည်နယ်အတွက် အကျိုးရလဒ်များ ထွက်ပေါ်လာမည် မဟုတ်ကြောင်း ရခိုင်အသိုင်းအဝိုင်းတွင် ဝေဖန်ခံနေရသည့် အဖွဲ့အစည်းဖြစ်သည်။

NMG – ပေးပို့သည်။

မကွေးတွင် အင်ဂျင်တပ်လေထီး Paramotor များနှင့် ဗုံးကြဲမှု စစ်ကောင်စီ ပိုပြုလုပ်လာ

မကွေးတိုင်းတွင် စစ်ကောင်စီက အင်ဂျင်တပ်လေထီးဖြစ်သည့် Paramotor များကို တွင်တွင်ကျယ်ကျယ် အသုံးပြု၍ ဗုံးကြဲချတိုက်ခိုက်မှု ပြုလုပ်လာကြောင်း ဒေသခံများက ပြောဆိုသည်။လူစီးနင်းလိုက်ပါနိုင်သော အင်ဂျင်တပ်လေထီးParamotor များကို ပြည်သူများနေထိုင်ရာနှင့် တိုက်ပွဲ ဖြစ်ရာနေရာများတွင် စစ်ကောင်စီဘက်က ပိုမိုအသုံးပြုလာနေသည်ဟု ဒေသခံတို့က ဆိုသည်။ဒေသခံတစ်ဦးက “ည (ဖေဖော်ဝါရီ ၁ ရက်နေ့)...

ပွင့်ဖြူတွင် တိုက်ပွဲကြောင့် ဒေသခံနှစ်သောင်းဝန်းကျင် စစ်ဘေးရှောင်နေကြရ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသတော်လှန်ရေးအဖွဲ့များအကြား ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဒေသခံပြည်သူနှစ်သောင်းဝန်းကျင် စစ်ရှောင်နေရကြောင်း ဒေသခံများထံက သိရသည်။ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ကျေးရွာ ၁၄ ရွာနီးပါးမှ ဒေသခံနှစ်သောင်းဝန်းကျင်သည် ပွင့်ဖြူမြို့ပေါ်နှင့်နီးသောနေရာများနှင့် မကွေးမြို့ဘက်ကို စစ်ရှောင်နေကြရသည်ဟု ဒေသခံများက ပြောသည်။ဒေသခံတစ်ဦးက “အဓိကကတော့ ဖေဖော်ဝါရီ...

“သူတို့မသွားခိုင်းတဲ့နေရာကိုသွားရင် အဆင်မပြေဘူး၊ သွားလို့ဖြစ်လာရင် သူတို့တာဝန်မယူဘူး။ မသွားခိုင်းတဲ့နေရာ သူတို့ကာထား၊ ကန့်သတ်ထားတဲ့နေရာ မသွားရင်ကောင်းတယ်။ မကန့်သတ်ထားတဲ့နေရာ သူတို့ခွင့်ပြုချက်နဲ့ဝင်ရင်တောင်မှ ထိခိုက်မိတာရှိတာပဲ။ ကြားမိသလောက် မိုင်းနင်းမိပြီး ပွဲချင်းပြီးသေသွားတဲ့သူ ၁၀ ယောက်လောက်ရှိပြီ” လွိုင်ကော်မြို့ခံ အမျိုးသားတစ်ဦး

စစ်ကောင်စီထိန်းချုပ်မှုအောက်ရှိ လွိုင်ကော်မြို့ လက်ရှိအခြေအနေနှင့် မြို့တွင်ပြန်လည်နေထိုင်ကြသူများ ကြုံတွေ့နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုများနှင့်ပတ်သက်ပြီး လွိုင်ကော်မြို့ခံအမျိုးသားတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။ကရင်နီ (ကယား) ပြည်၊ လွိုင်ကော်မြို့တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့တွင် စတင်ခဲ့သည့် တစ်လေးလုံး စစ်ဆင်ရေးအတွင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစုများက လွိုင်ကော်မြို့၏ဧရိယာတစ်ဝက်ခန့်ကို သိမ်းပိုက်နိုင်ခဲ့သည်။နယ်မြေများဆုံးရှုံးလိုက်ရသည့် စစ်ကောင်စီတပ်သည်...