- ဂွမြို့နယ်သို့ ဧရာဝတီဘက်မှ ဆန် ၁၀ ပြည်ထက် ပိုမသယ်ရဟု စစ်ကောင်စီကန့်သတ်
- ပြင်းထန်သည့် AA ထိုးစစ်ကြောင့် မောင်တော နခခ (၅) အကျအဆုံးများဖြင့် နောက်ဆုတ်၊ စစ်ကောင်စီဂျက်တိုက်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး စစ်ရေယာဉ်များက လက်နက်ကြီးများဖြင့် ပစ်ကူပေး
- မောင်တောမြို့ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းရုံး ဖောက်ထွင်းဖျက်ဆီးခံရ
- တိုက်ပွဲပြင်းထန်လာ၍ မောင်တောရှိ ICRC ဝန်ထမ်းများအားလုံး မြို့ကို စွန့်ခွာ
- တောင်ကုတ်တွင် စစ်ကောင်စီ ဖမ်းဆီးသွားသည့် အရပ်သားနှစ်ဦး တစ်လခန့်ကြာအထိ မိသားစုနှင့်အဆက်အသွယ်မရ
- မောင်တောတွင် လက်နက်ကြီးကျည်စထိမှန်၍ ဟိန္ဒူဘာသာဝင်အမျိုးသမီးငယ် ၁ ဦး သေဆုံး
- ကျောက်ဖြူမြို့ပေါ်တွင် ဖမ်းဆီးခံရသည့် လူငယ်တစ်ဦးနှင့် (၁၀) ရက်ကြာသည့်တိုင် အဆက်အသွယ်မရ၍ မိသားစုများစိုးရိမ်
- အမ်းတွင် ကျူရှင်ဆရာလူငယ်တစ်ဦး စစ်ကောင်စီဖမ်းဆီးနှိပ်စက်၍ ဆေးရုံတင်ထားရ
- နိုင်ငံအသစ်ထူထောင်တော့မည်ဟူသော သတင်းတုများထုတ်ပြန်နေခြင်းမှာ အာဏာသိမ်းလက်နက်ကိုင်အဖွဲ့အား အသက်ရှူ အနားယူခွင့်ရရှိစေရန်ရည်ရွယ်ပြီး လုပ်ဆောင်နေခြင်းဟု ညီနောင်သုံးဖွဲ့ထုတ်ပြန်
- မြေပုံမှ အမျိုးသမီးတစ်ဦး စားဝတ်နေရေးကျပ်တည်း၍ ရေထဲခုန်ချပြီး အဆုံးစီရင်သွား
- ကုန်ထမ်းနေသည့် စစ်ရှောင်လူငယ် ၁ ဦး ကျောက်တော် ကုလားတန်မြစ်အတွင်း ရေနစ်သေဆုံး
- သံတွဲတိုက်ပွဲအတွင်း ပျောက်ဆုံးသူ ၂၀၀ ကျော်ခန့်အထိရှိလာနေ
- ကျောက်မဲ စစ်ကောင်စီတပ်ကို လက်နက်ချဖို့ TNLA ဖိအားပေးတိုက်ခိုက်နေ
- SSPP/SSA နာယက ဗိုလ်ချုပ်ကြီး ဆေထင်၏ လားရှိုးရှိနေအိမ် ဖျက်ဆီးခံရ
- ကွန်ဟိန်းမြို့နယ် ကျေးရွာတစ်ခုရှိ ဒေသခံများကို RCSS မှ နေရာပြောင်းရွှေ့ခိုင်း
- ဖလမ်းမြို့ပေါ်ရှိ ဒေသခံပြည်သူ ထက်ဝက်ကျော် နေရပ်စွန့်ခွာစစ်ဘေးတိမ်းရှောင်
- စစ်ကိုင်းတိုင်းမှ စစ်ဘေးရှောင်များကို ဇူလိုင်လအတွင်း ကျပ်သိန်း ၃၀၀ ကျော်ထောက်ပံ့ခဲ့ဟုဆို
- တောင်သာမြို့နယ်တွင် လက်နက်ခဲယမ်းများဖြင့် ရဲတပ်သား CDM ပြုလုပ်
- ရေစကြိုတွင် စစ်ကောင်စီတပ်နှင့်ပျူစစ်ကြောင်းကို တိုက်ခိုက်မှု ၄ ဦးသေဆုံး
- ရန်ကုန်မြို့ရှိ စစ်ကောင်စီတပ်နေရာ ၂ ခုကို ဖောက်ခွဲတိုက်ခိုက်ဟု မြို့ပြစစ်ဆင်ရေးအဖွဲ့ပြော
- ကချင်ပြည်နယ်သယံဇာတဝန်ကြီး ဦးဒါရှီလဆိုင်း ထောင်မှ ပြန်လည်လွတ်မြောက်
- မြန်မာတော်လှန်ရေးတပ်များအား ပို၍ကူညီရန် ကန်လွှတ်တော်အမတ်များ အရေးတကြီး တိုက်တွန်း
- သမဝါယမစနစ် ပြန်အသက်သွင်းရန် စစ်ကောင်စီခေါင်းဆောင်ပြောဆိုချက် လူထုဝေဖန်
- တိုက်ပွဲကြား တရုတ်အကျိုးစီးပွားမထိခိုက်ရေးနှင့် တရုတ်နိုင်ငံသားများကိုအချိန်မှီကယ်ထုတ်ရေး MNDAA ထုတ်ပြန်
- အရေးပေါ်ကာလသက်တမ်း ၆ လ အာဏာသိမ်းစစ်ခေါင်းဆောင် ထပ်တိုး
- ဗျူဟာကုန်းကျရင် မိုးမိတ်ကို စစ်ကောင်စီတပ်များ လက်လွှတ်ရနိုင်
- မြန်မာ့အရေး တရုတ်အစိုးရ ဝင်ရောက်မစွက်ဖက်ရန် ဝါရှင်တန်ဒီစီတွင် ဆန္ဒပြ
- အပစ်ရပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးရန် UWSA ‘ဝ’ တပ်ဖွဲ့တိုက်တွန်း
- တနင်္သာရီမြို့နယ်က ရေဘေးဒုက္ခသည်တွေ ဗုံးကြဲတိုက်ခိုက်ခံရ
- စဥ့်ကူးမြို့နယ်က ပျူစောထီး သုံးဆယ်ကျော် ဖမ်းဆီးခံရ
- အိန္ဒိယ – မြန်မာ နယ်စပ်မှာ မြေမြှုပ်မိုင်းကြောင့် စစ်ဘေးဒုက္ခသည်နှစ်ဦး သေဆုံး
- လားရှိုးအကျဉ်းထောင် ဝန်ထမ်းနဲ့ မိသားစုဝင် ၁၂၀ ကျော်ကို “ဝ” တပ်ဖွဲ့ ခေါ်ထုတ်
- ဟားခါးအချုပ်ထောင်က လွတ်လာသူတွေထဲ ထောင်တစ်သက်ချခံရသူ ခုနစ်ဦးပါဝင်
- မန္တလေးအထိ စစ်ဆင်ရေးတွေရောက်လာလို့ ကြိုတင်ပြင်ဆင်ကြဖို့ NUG ပြော
- သပိတ်ကျင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသုံးဦးသေဆုံး
Peace Related News
By MPM
31 July, 2024
👁