29 June 2025 /

See today's Peace Related News

Weekly News ReviewsThe Young Man Who Sacrificed His Life By Telling The Truth. -...

The Young Man Who Sacrificed His Life By Telling The Truth. – Issue 60

A video file which shows the view of an interrogation center emerged on June 24th. It could evoke the revolutionary spirits of the people who saw the video. The heroic spirits of a youth can be seen in that video file. The soldiers’ inhumanity and atrocities are distinctly seen.

The public’s revolution coupled with the military coup has evolved from peaceful protest into armed resistance step by step. In addition to the oppressions, arrests, mass killings and burning, the military has stepped up offensive operations in the regions where it faces strong armed resistance by the People’s Defense Forces (PDFs).

The people are heartbroken to see a lot of the Spring Revolution heroes who stand for the truth by scarifying their lives and properties. The BNI-Myanmar Peace Monitor’s Weekly News Review for this week focuses on the matters about the heroes who sacrificed their lives for the truth.

Read more for download now>>>

ဇွန်လ ၂၄ ရက်တွင် ထွက်ပေါ်လာသော စစ်ကောင်စီတပ်သားများ၏ စစ်ကြောရေးစခန်း မြင်းကွင်းရုပ်သံဖိုင်တစ်ခုသည် မြင်တွေ့ကြားသိရသူတိုင်းအတွက် တော်လှန်စိတ်ကို နှိုးဆွပေးခဲ့သည်။ ရုပ်သံဖိုင်ထဲမှ လူငယ်လေး၏ သူရဲကောင်းစိတ်ဓာတ်ကို တွေ့မြင်ရသည်။ စစ်ကောင်စီတပ်သားများ၏ လူသားမဆန်မှု၊ ယုတ်မာရိုင်းစိုင်းမှုများကို အထင်းသား မြင်တွေ့ရပါသည်။

စစ်အာဏာသိမ်းမှုနှင့်အတူ တဆက်တည်း ကပ်ပါလာသော စစ်အာဏာသိမ်းမှုအပေါ် ပြည်သူလူထု၏ ဆန့်ကျင်တော်လှန်မှုသည် လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုမှသည် လက်နက်ဖြင့် မိမိကိုယ်ကို ခုခံကာကွယ်တော်လှန်ခြင်းအထိ အဆင့်ဆင့် ပြောင်းလဲဖြစ်တည်လာခဲ့ပါသည်။ ထိုအနက် အာဏာသိမ်းစစ်အုပ်စုနှင့် အစေအပါးများ၏ ပြည်သူလူထုအပေါ် ဖိနှိပ်မှုများ၊ ဖမ်းဆီးသတ်ဖြတ်မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ မြို့လုံးကျွတ် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှုများအပြင် မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ခုခံတော်လှန်စစ် ပြင်းထန်ရာ အရပ်ဒေသများတွင် လက်နက်ကြီး လက်နက်ငယ်အသွယ်သွယ်အပြင် ရေကြောင်း၊ လေကြောင်း ထိုးစစ်ဆင်မှုများကိုပါ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိပါသည်။

ထိုအနက် ပေးဆပ်ခဲ့ရသည့် အသက်များ၊ ဘဝများ၊ အိုးအိမ်စည်းစိမ်များနှင့်အတူ အမှန်တရားအတွက် ရပ်တည်ပေးဆပ်ခဲ့ကြသည့် နွေဦးတော်လှန်ရေး၏ သူရဲကောင်းများစွာကိုလည်း ကြေကွဲဝမ်းနည်းဖွယ် မြင်တွေ့ခဲ့ရပါသည်။ ယခုတပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် အမှန်တရားအတွက် အသက်ပေးခဲ့သော သူရဲကောင်းလေးနှင့် ဆက်စပ်ပြီး လက်လှမ်းမီသမျှ ရှာဖွေတင်ပြသွားပါမည်။

ဆက်လက်ဖတ်ရှုရန်>>>