5 May 2024 /

See today's Peace Related News

Flower Strike Movement Which Alarms The Junta – Issue 109

By honouring the birthday of Daw Aung San Suu Kyi on 19 June, the people joined the “flower strike” as a revolutionary movement against the junta together with the forces of the Spring Revolution. Starting on 15 June, the slogan of “To reach the goal, dear flower Baydar, make an effort and endeavour,” had spread
all over the country.

Sagaing Region Monywa People’s Strike Leading Committee explained that it called for the flower strike movement with many reasons such as honouring State Counsellor Daw Aung San Suu Kyi and forcibly-detained monks, students and the people and showing the dignity of women who have been active in revolutionary history, including the current Spring Revolution. We will put new flowers in the vases and decorate and hang flowers indoors and outdoors and in front of every house in order to reflect the image of Daw Aung San Suu Kyi, who is often seen together with flowers by the people of the world and the people of Myanmar. We will organize the flower strike campaign online and offline. All the people moving forever on the roads will wear flowers on their heads and chests. We will develop a variety of flower-related activities with their own intelligence and innovation, the committee announced.

Our BNI-Myanmar Peace Monitor’s weekly news review for this week highlights the flower strike movement, in which all the people from urban and rural areas participated and the military council’s restrictions and arrests.

Read more for download now>>>

စစ်အုပ်စုအား ထိတ်လန့်စေသော ပန်းသပိတ် လှုပ်ရှားမှု

ဇွန်လ ၁၉ ရက်၊ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုကြရင်း အာဏာသိမ်းစစ်အုပ်စုအား ဆန့်ကျင်တော်လှန်ရေးလှုပ်ရှားမှုတရပ်အဖြစ် “ပန်းသပိတ်”ကို နွေဦးတော်လှန်ရေး အင်အားစုများနှင့် အတူ ပြည်သူလူထုက လိုက်ပါလှုပ်ရှားခဲ့ကြသည်။ ဇွန်လ ၁၅ ရက် စတင်ပြီး “ပန်းသပိတ်” အတွက် အကြိုဆော်သြမှုများဖြစ်သည့် “ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ပဲ” ဆိုသည့် ကြွေးကြော်သံများသည် နိုင်ငံတဝှမ်းလုံးသို့ လွင့်ပျံ့နေခဲ့ပြီဖြစ်သည်။

မွေးနေ့ရှင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အဓမ္မဖမ်းဆီးခံထားကြရသည့် ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူ အကျဉ်းသူအကျဉ်းသားများအားလုံး အား အောက်မေ့ခြင်း၊ လက်ရှိနွေဦး တော်လှန်ရေးအပါအဝင် တော်လှန်သမိုင်းအဆက်ဆက်တွင် ပါဝင်လှုပ်ရှားနေကြသော အမျိုးသမီးထု၏ ဂုဏ်ရည်ကို ဖော်ညွှန်းခြင်း စသည့် အကြောင်းရင်းခံများဖြင့် “ပန်းသပိတ်လှုပ်ရှားမှုကြီး”ကို ဆော်သြခဲ့ခြင်း ဖြစ်ကြောင်း စစ်ကိုင်းတိုင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ရှင်းပြထားသည်။ ထို့အပြင် ကမ္ဘာ့ပြည် သူများ နည်းတူ၊ မြန်မာပြည်သူလူထုကပါ ပန်းများဖြင့် တွဲဖက်ရှုမြင်လေ့ရှိသည့် ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်ကို ထင်ဟပ်စေသည့်အတွက် “ဘုရားပန်းအိုး အသစ်တင်ကြမယ်၊ အိမ်တွင်းအိမ်ပြင်၊ အိမ်ရှေ့တိုင်းမှာ ပန်းတွေ ထိုးကြမယ်၊ ဆင်ကြမယ်။ ပန်းအလှတွေ ချိတ်ဆွဲပြင်ဆင်ကြမယ်။ Online ရော Off-line မှာပါ ပန်းသပိတ် ကမ်ပိန်း ဆောင်ရွက်ကြမယ်ဗျာ။ လမ်းမထက်မှာ ‌နိစ္စဓူဝ လှုပ်ရှားသွားလာကြမယ့် အမျိုးသမီး၊ အမျိုးသား ပြည် သူအားလုံးကလည်း ပန်းပန်ကြမယ်၊ ရင်ဘတ်မှာ ပန်းထိုးကြမယ်ဗျာ။ ပန်းနဲ့ပတ်သက်ဆက်နွယ်တဲ့ လှုပ်ရှားမှုမျိုးစုံကို မိမိတို့ ဉာဏ်ရှိသလို ဆန်းသစ်တီထွင် ကွန့်မြူးပြီး ဖော်ဆောင်ကြမယ်” ဟု ကြေညာခဲ့ပါသည်။

ယခုတစ်ပတ် BNI-Myanmar Peace Monitor အပတ်စဉ် သတင်းသုံးသပ်ချက်တွင် အရောင်အသွေးစုံ၊ ရနံ့သင်းထုံစွာဖြင့် မြို့ပြကျေးလက် နယ်စုံဒေသစုံမှ ပြည်သူလူထုတရပ်လုံး ပူးပေါင်းပါဝင်လာသည့် ပန်းသပိတ်လှုပ်ရှားမှုကြီးနှင့် အာဏာသိမ်းစစ်အုပ်စု၏ ကန့်သတ်ဟန့်တားမှုများ၊ ဖမ်းဆီးမှုများကို လက်လှမ်းမီသမျှ လေ့လာတင်ပြထားပါသည်။

ဆက်လက်ဖတ်ရှုရန်>>>

Karen National Union (KNU)

Arakan National Council (ANC/AA)

All Burma Students’ Democratic Front (ABSDF)

Chin National Front (CNF/CNA)

Karen National Union (KNU)

Arakan National Council (ANC/AA)

All Burma Students’ Democratic Front (ABSDF)

Chin National Front (CNF/CNA)

Arakan Liberation Party/Army (ALP/ALA)

Democratic Karen Benevolent Army (DKBA)

Kachin Independence Army (KIO/KIA)

Karenni National Progressive Party (KNPP/KA)

Kuki National Organization (Burma)

Lahu Democratic Union (LDU)

Myanmar National Democratic Alliance Army (MNDAA)

National Democratic Alliance Army-Eastern Shan State (NDAA-ESS)

New Mon State Party (NMSP)

National Socialist Council of Nagaland-Khaplang (NSCN-K)

Pa-Oh National Liberation Organization (PNLO)

The Palaung State Liberation Front (PSLF/TNLA)

The Restoration Council of Shan State (RCSS/SSA – South)

Shan State Progress Party/Shan State Army (SSPP/SSA – North)

United League of Arakan/Arakan Army (ULA/AA)

UWSP/UWSA