ငြိမ်းချမ်းရေးခရီးတစ်လျှောက် တွေ့ရှိချက်များ

0
400

မြန်မာပြည်ငြိမ်းချမ်းရေးဖြစ်စဉ်ကို ရှုမြင်ကြရာတွင် ဦးသိန်းစိန်ဦးဆောင်သော ငြိမ်းချမ်းရေးခရီးနှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ငြိမ်းချမ်းရေးခရီးတို့ကို အများစုက တိုင်းတာရှုမြင်လေ့ရှိကြပါသည်။ အထူးသဖြင့် လက်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအဖွဲ့ ဦးဆောင်သော ငြိမ်းချမ်းရေးဖြစ်စဉ် (ဝါ) ငြိမ်းချမ်းရေးခရီး သည် မတွင်ကျယ်၊ ခရီးမပေါက်ဘဲ နှေးနေသည်၊ တန့်နေသည်၊ ရပ်နေသည် စသည့် ယူဆတွက်ဆချက်များရှိသလို ငြိမ်းချမ်းရေးခရီးက ဆက်သွားနေသည်ဟု ရှုမြင်သူများရှိနေပါသည်။

မြန်မာပြည်လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသည်ဟု ဆိုနိုင်သော ပြည်တွင်းစစ် (ဝါ) မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ဖြစ်ပွားခဲ့သည့် စစ်ပွဲများသည် ယခုဆိုလျှင် နှစ်ပေါင်း (၇၀) ပင် ကျော်ခဲ့ပါပြီ။ ခေတ်အဆက်ဆက် ဦးဆောင်အုပ်ချုပ်သူများအနေဖြင့် ၎င်းစစ်မီးစစ်လျှံများကို အမြစ်ပြတ်အောင် မငြိမ်းခဲ့ကြဘဲ မီးကြွင်းမီးကျန်များထားရှိခဲ့၍သာ ပြည်တွင်းစစ် သက်ဆိုးရှည်ရခြင်းဖြစ်သည်ဟု မှတ်ယူရပါမည်။ ချုပ်၍ဆိုရသော် ယင်းစစ်မီးများသည် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဖြင့် တက်ရောက်လာသည့် အငြိမ်းစား တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်ဟောင်း ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရလက်ထက်တွင် ပြန်လည် နိုးကြွလာခဲ့ပြန်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here