ထားဝယ်မြို့နယ် သင်္ကန်းတုံးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

0
145

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်၊ သင်္ကန်းတုံးကျေးရွာထဲသို့ စစ်ကြောင်းထိုးလာသောစစ်ကောင် စီတပ်ဟာ ဒေသခံနေအိမ်များကို မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်နေကြောင်း ဒေသခံများနှင့် တော်လှန် ရေးအင်အားစုများက သံလွင်တိုင်းမ်ကို ပြောပါသည်။

တပ်အင်အား ၁၅၀ ကျော်ပါသည့် စစ်ကောင်စီ စစ်ကြောင်းဟာ မေ ၃၁ ရက်နေ့ နံနက်အစောပိုင်းတွင် ရေဝိုင်း ကျေးရွာဘက်ကနေ သင်္ကန်းတုံးကျေးရွာထဲသို့ လက်နက်ကြီး၊ လက်နက်ငယ်တွေနှင့် ပစ်ခတ်ဝင်ရောက် လာပြီးနောက် ဒေသခံနေအိမ်များကို မီးဖျက်ဆီးခဲ့ပါသည်။

ဒေသခံများ၏အဆိုအရ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးထားတာကြောင့် ကနဦးတွင် ဒေသခံနေအိမ် ၅ လုံးထက်မနည်း မီးလောင်ပျက်စီးမှုရှိခဲ့ပြီး အရေအတွက် အတိအကျ မသိရသေးကြောင်း သိရပါသည်။

အဆိုပါဖြစ်စဉ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ဒေသ PDF ကင်းအဖွဲ့တို့ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် PDF ရဲဘော် ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သလို သေနတ် ၂ လက် ဆုံးရှုံးခဲ့ကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါသည်။

လက်ရှိမှာတော့ စစ်ကောင်စီစစ်ကြောင်း၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် သင်္ကန်းတုံးရွာသူ သားအမိ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့အတွက် ထားဝယ်ဆေးရုံသို့ ဆေးကုဖို့သွားချိန် ဗျောတောဝဂိတ်တွင် စစ်ကောင်စီ ဘက်က တားဆီးထားကြောင်း သိရပါသည်။

သင်္ကန်းတုံးကျေးရွာကို မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီတပ်ဟာ ကျေးရွာအတွင်း ဝင်ရောက်လာစဉ် ဒေသခံ ဦးထွန်းဝင်းနှင့် ကိုနိုင်တို့ ၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း ဒေသခံတွေက ပြောကြားခဲ့သည်။

စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်လာခြင်းကြောင့် သင်္ကန်းတုံးကျေးရွာက ဒေသခံများဟာ ရွာလုံးကျွတ် ထွက်ပြေးတိမ်း ရှောင်နေရကြောင်းလည်း သိရပါသည်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here