“ပြည်သူလူထုအနေနဲ့ ဒုက္ခရောက်နေပြီပေါ့လေ။ စစ်ကို ငြိမ်းအေးချင်တယ်။ ဘကြီးပြည်သူတစ်ယောက်အနေနဲ့၊ ဘကြီးတို့ရဲ့နေရာက လယ်လုပ်ချောင်းလုပ်မှ စားရတဲ့နေရာတွေဆိုတော့။ လာမယ့်နှစ်တွေဆို ပိုလို့အခက်အခဲဖြစ်လာတော့မှာလေ” အသက် ၆၀ အရွယ် စစ်ဘေးရှောင် ဦးဗိုလ် (ဗန်းမောက်မြို့နယ်)

0
148

မိုးညှင်းမြို့ရောက် ဗန်းမောက်မြို့နယ်မှ အသက် ၆၀ အရွယ် စစ်ဘေးရှောင် ဦးဗိုလ်နှင့် အမေးအဖြေ

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ် မံလူဒေသစိတ်အတွင်း မံလူ၊ ကံကြီး၊ နားပင်၊ ပါထွန် စသည့်ကျေးရွာများတွင် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA)၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကချင်ပြည်နယ် မိုးညှင်းမြို့ပေါ်ကို တိမ်းရှောင်လာခဲ့ကြသည့် စစ်ရှောင်တစ်ရာကျော်ရှိနေပြီး စစ်ရှောင်များ၏ ထွက်ပြေးလာရမှုအခြေအနေ၊ အခက်အခဲများကို မေးမြန်းတင်ဆက်လိုက်ရပါတယ်။

မေး။ ။ ဘကြီးတို့ ဗန်းမောက်ကနေ မိုးညှင်းကို ဘယ်လိုတွေ စစ်ရှောင်ခဲ့ရသလဲဆိုတာ ပြောပြပေးပါအုံး။

ဖြေ။ ။ သူတို့ PDF အစည်းအဝေးခေါ်တော့ သင်္ကြန်အကျနေ့မှာ အစည်းအဝေးခေါ်တော့ စစ်ရှောင်ပေးဖို့ ပြောတာကိုး၊ မရှောင်ချင်တဲ့သူက သူတို့ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေက လက်မှတ်ထိုးလာကြ။ အဲ့လိုဆိုတော့ တစ်ရွာလုံးကနေမယ်ဆိုတော့ သုံးလုံးအဖွဲ့ (PDFအဖွဲ့တွေ) က ရှောင်ပေးဖို့ သုံးကြိမ်သုံးခါပြောလာတော့ မရှောင်လို့မဖြစ်တော့ဘူးလေနော်။ အဲ့လိုဆိုတဲ့အခါကျတော့ တစ်ရက်ပဲပေးတာ မရှောင်ဘူးဆိုပြီးတွက်တာ မရှောင်လို့မဖြစ်ဘူး ။ တစ်ရက်ပဲပေးတာဆိုတော့ သင်္ကြန်အကြတ်နေ့မှာ ကျွဲပစ်နွားပစ် အိမ်ပစ်ရာပစ်ပြီးတော့မှ ရှောင်ခဲ့တာပါ့။ ထွက်မှ ထွက်တော့ လွတ်ရာကျွတ်ရာကို ထွက်မယ်ဆိုတော့ မိုးညှင်းမှာလည်း ဆွေတွေမျိုးတွေရှိတော့ မိုးညှင်းဘက်ကို အဖိုးအဖွားတွေရဲ့ သားသမီးတွေကို မှီပြီးတော့မှ ပြေးခဲ့ရတာပါ့အေး အဲ့လို။

မေး။ ။ မိုးညှင်းကို ရောက်တော့ရော ဘယ်လိုအခက်ခဲတွေရှိလဲ။ နေရေးထိုင်ရေးကအစ စားသောက်ရေးတွေကော ဘယ်လိုစီစဉ်ထားရသလဲ။

ဖြေ။ ။ အခုအချိန်ခါပိုင်းမှာ ရောက်ခဲ့ကတည်းက အုပ်ချုပ်ရေးပိုင်းကအစ ကူညီတယ်။ ကိုယ့်နယ်သားတွေကလည်းကူညီပေးတာပေါ့၊ နောက်ပြီးတော့မှ အသင်းအဖွဲ့ ICRC ထောက်ပံ့ပေးတာ၊ လောလောဆယ်ကတော့ သူတို့က စားနပ်ရိက္ခာအဖြစ်သော်လည်းကောင်း ပုဂ္ဂိုလ်ရေးအရသော်လည်းကောင်း ကူညီနေကြတာပေါ့လေ။ ကြာရင်တော့ အဆင်ပြေနိုင်မယ့်အနေအထားမှတော့မရှိဘူး။ အခုကတော့ အဆင်ပြေသေးတာပေါ့၊ အိမ်လခ ငှားရတယ်။ အဓိက အိမ်လခကို ဦးစားပေးရှာရတော့မယ်လေ။ နံပါတ် ၂ စားရေးသောက်ရေး ၊ နံပါတ် ၁ က အိမ်လခ ဖြေရှင်းပေးရတော့မယ်လေ။ အဲ့လိုမျိုးအခက်အခဲတွေရှိတယ်လေ။ အခု ဘကြီးတို့ရွာကစစ်ရှောင်ကလေးတွေဆို မီးသတ်ရုံးမှာအိပ်ရတာ တမံတလင်းမှာအိပ်ရတယ် ခုံမရှိဘူး။ ခြံပေါက်ဝမှာခြံစောင့်ထားတဲ့ တစ်ခန်းလေးမှာ စုနေရတယ်။ ရပ်ကွက်ထဲမှာ ဆွေမျိုးအိမ်မှာနေတဲ့ဟာလည်းမငှားနိုင်တဲ့အခါကျတော့ မိသားစု လေးငါးစုဟာ လူပေါင်း ဆယ့်လေးငါးယောက် အယောက် ၂၀ ဟာလည်း တစ်ခန်းတည်းနေရတယ်အဲ့လိုမျိုးတွေ အခက်အခဲဖြစ်တာပေါ့လေနော်။

မေး။ ။ ဗန်းမောက်မှာ စစ်ငြိမ်းရင်ကော နေရပ်ကို ပြန်သွားချင်လား။

ဖြေ။ ။ စစ်ငြိမ်းရင်တော့ ဘကြီးတို့က ပြန်ချင်တာပေါ့၊ ပြန်ချင်သော်ငြားလည်း ဘကြီးရဲ့ဆန္ဒက သိပ်တော့ မနေချင်တော့ဘူး။ ငြိမ်းအေးတယ်ဆိုရင်လည်း လူမှုရေး၊ လုံခြုံရေးကိစ္စ ကျန်ချင်ကျန်ဦးမှာလေ။ ပြောရမယ်ဆိုရင်တော့ ဘကြီးတို့ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို တန်ရာတန်ကြေး ရရင်တော့ ရောင်းချင်တော့တာ၊ သိပ်တော့ မနေချင်တော့တာ အခြေအနေက ပုံမှန်မဟုတ်ချင်တော့ဘူးလေ။

မေး။ ။ အခုဖြစ်နေတဲ့ တိုက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဘာတွေဆက်ပြောချင်တာရှိသေးလဲခင်ဗျာ။

ဖြေ။ ။ ဘကြီးတို့က ဘယ်ဘက်အဖွဲ့အစည်းကိုမှလည်း မျက်နှာလိုက်ပြီး မပြောချင်ဘူး။ သူတို့အနေအထားနဲ့ ငြိလို့ပြုလို့ ငြိမ်းအေးချင်တဲ့ဆန္ဒကတော့ ပြည်သူတစ်ယောက်အနေနဲ့ တောင်းဆိုချင်တော့တာပါ့။ စစ်တပ်ဘက်ကလည်းပါ့ သူတို့ လူကြီးအနေနဲ့ တွေးခေါ်မျှော်မြင်ပြီးတော့မှ ဒီဘက် PDF ဘက်ကရော သူတို့ လူကြီးချင်းတွေငြိပြီးတော့မှ စစ်ကို အေးအေးဆေးဆေးငြိမ်းစေချင်တော့တာ၊ အဲ့လိုငြိမ်းတော့ ကိုယ့်ရဲ့လယ်ယာ ချောင်း မြောင်း တွေကို ပြန်လည်ပြီးတော့မှ လုပ်ချင်တာ၊ တောင်းဆိုချင် တော့တာပါ့။ အဆိုတင် သွင်းချင်တော့တာ အဲ့ဒီပုဂ္ဂိုလ်တွေကို၊ တောင်းပန်ချင်တာပေါ့ဗျာ။ ပြည်သူလူထုအနေနဲ့ ဒုက္ခရောက်နေပြီပေါ့လေ။ စစ်ကို ငြိမ်းအေးချင်တယ်။ ဘကြီးပြည်သူတစ်ယောက်အနေနဲ့၊ ဘကြီးတို့ရဲ့ နေရာက လယ်လုပ်ချောင်းလုပ်မှ စားရတဲ့နေရာတွေဆိုတော့။ လာမယ့်နှစ်တွေဆို ပိုလို့အခက်အခဲဖြစ်လာတော့မှာလေ အဲ့တာတွေက။ ဘကြီးအနေနဲ့တော့ သူတို့ကို တောင်းပန်ချင်တာ၊ သူတို့တွေကိုလေ။

ရှမ်းနီအသံ – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here