အရပ်သားပြည်သူများအား ပစ်မှတ်ထားလာသော စစ်အုပ်စု၏ လေကြောင်းရန်

0
393

BNI-Myanmar Peace Monitor ၏ မှတ်တမ်းအရ ၂၀၂၁ ခုနှစ် ဖေ‌ဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဖေ‌ဖော်ဝါရီ ၂၁ ရက်အတွင်း အာဏာသိမ်းစစ်အုပ်စု၏ လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူပေါင်း ၂၄၈ ဦးအထိ အသက်သေဆုံးခဲ့ရပြီး အရပ်သားပြည်သူပေါင်း ၂၆၅ ဦးအထိ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။

စစ်ကောင်စီတပ်၏ လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးမှုများကို တိုင်းနှင့်ပြည်နယ်အလိုက် နှိုင်းယှဉ်ကြည့်ပါက ကချင်ပြည်နယ်သည် ပြည်သူပေါင်း ၈၇ ဦးအထိ သေဆုံးခဲ့ပြီး အများဆုံး ဖြစ်ခဲ့ပါသည်။ ထို့အပြင် အရပ်သား ထိခိုက်ဒဏ်ရာရရှီမှုများကို တိုင်းနှင့်ပြည်နယ်အလိုက် နှိုင်းယှဉ်ကြည့်ပါက ကရင်ပြည်နယ်သည် ပြည်သူပေါင်း ၉၆ ဦးအထိ ရှိခဲ့ပြီး အများဆုံး ဖြစ်ခဲ့ပါသည်။

စစ်ကောင်စီတပ်၏ လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးမှုများကို မြို့နယ်အလိုက် နှိုင်းယှဉ်ကြည့်ပါက ဖားကန့်သည် ပြည်သူပေါင်း ၈၁ ဦးအထိ သေဆုံးခဲ့ပြီး အများဆုံးဖြစ်ခဲ့ပါသည်။ ထို့အပြင် စစ်ကောင်စီတပ်၏ လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်ဒဏ်ရာရရှီမှုများကို မြို့နယ်အလိုက် နှိုင်းယှဉ်ကြည့်ပါက ဖာပွန်သည် ပြည်သူပေါင်း ၄၄ ဦးအထိ ရှိခဲ့ပြီး အများဆုံး ဖြစ်ခဲ့ပါသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူပေါင်း ၆၁၀၅၀ ဦးခန့် အိုးအိမ်စွန့်ခွာ၍ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသည်။

BNI-Myanmar Peace Monitor ၏ မှတ်တမ်းအရ စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုစတင်သော ၂၀၂၁ ခုနှစ် ဖေ‌ဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဖေ‌ဖော်ဝါရီ ၂၁ ရက်အတွင်း အာဏာသိမ်းစစ်ကောင်စီအနေဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ရက်ပေါင်း ၂၈၈ ရက်အထိ ရှိခဲ့ပါသည်။ အကြိမ်ရေအားဖြင့်မူ ထောင်နှင့်ချီ၍ ရှိနိုင်ပါသည်။

Infographic and Script by BNI – MPM Team

LEAVE A REPLY

Please enter your comment!
Please enter your name here