“အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးတော့မှ တိုက်ခိုက်ခြင်းဟာဆိုရင် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားခြင်း ဥပဒေကို လုံးဝချိုးဖောက်ရာ ရောက်တယ်ပေါ့” စောနန္ဒဆူး (တာဝန်ခံ၊ KNRC)

0
432

ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ စောနန္ဒဆူးနှင့် အမေးအဖြေ

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေမှာ အရပ်သားတွေအပေါ် ပစ်မှတ်ထားတဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကို စစ်ကောင်စီတပ် ပိုမိုကျူးလွန်နေပြီး ၂၀၂၃ ခုနှစ်အတွင်း အဆုံးဝါးဆုံး အခြေအနေတွေအထိ ရောက်ရှိလာတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ထုတ်ပြန်လာတာပါ။

ဒါကြောင့် KNU နယ်မြေထဲမှာ အရပ်သားအပေါ် ပစ်မှတ်ထားတဲ့ စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက် မှုတွေ၊ ထိခိုက် ဒဏ်ရာရရှိမှုနဲ့ ဒေသခံတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG စည်းရုံးလှုံ့ ဆော်ရေးတာဝန်ခံ စောနန္ဒဆူးနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ အရင်ဆုံး KNU နယ်မြေထဲမှာ ဖေဖော်ဝါရီလနဲ့ အခုမတ်လတွေအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုနဲ့ လူ့အခွင့် အရေးချိုးဖောက်မှု အခြေအနေကို ပြောပြပေးပါဦး။

ဖြေ။ ဒီနှစ်လပိုင်း ဖေဖော်ဝါရီ ၂၀၂၃ ခုနှစ်နဲ့ မတ်လ ၂၀၂၃ ခုနှစ်အတွင်းမှာ ကျွန်တော်တို့ ကရင်ပြည်နယ်မှာရှိတဲ့ လူ့အခွင့်အရေးအခြေအ နေနဲ့ ပတ်သက်ပြီးပြောရရင် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်။ လက်နက်ကြီးနဲ့ပစ် ခတ်မှုတွေ ဖြစ်ပွားနေတယ်။ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေတယ်။ ဒီဖြစ်ပွားမှုဟာ ဆိုရင် အဓိကက တပ်မဟာ (၁) ရယ်၊ တပ်မဟာ (၃) ရယ်၊ တပ်မဟာ (၅) ရယ် ဖြစ်ပွားနေတာပေါ့လေ။ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုကတော့ ကျွန်တော်တို့ တပ်မဟာ (၁) သထုံခရိုင်၊ တပ်မဟာ (၃) ညောင်လေးပင်ခရိုင်နဲ့ တပ်မဟာ (၅) ဖာပွန်ခရိုင်မှာ ဖြစ်ပွားပြီးတော့မှ လေကြောင်းတိုက်ခိုက်မှုကကျတော့ တပ်မဟာ (၃) နဲ့ တပ်မဟာ (၅) မှာ ဖြစ်ပွားနေတယ်။ ဒီလိုမျိုးလက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ရွာသူရွာသားတွေ ထိခိုက်ဒဏ်ရာ ရကြတယ်။ ဒီထဲမှာဆို အမျိုးသမီးနဲ့ကလေးသူငယ်တွေ အထူးသဖြင့် ပါဝင်လာတယ်။ နောက်တစ်ခါကျရင် ဒေသခံတွေရဲ့ ပိုင်ဆိုင်မှုတွေဖြစ်တဲ့ အိုးအိမ်တွေ ထိခိုက်ပျက်စီးတယ်။ ကားတွေလည်း ထိခိုက်ပျက်စီးတာမျိုးတွေ ရှိတယ်။

မေး။ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေကြောင့် အရပ်သားထိခိုက်မှု အခြေအနေနဲ့ နောက်တခြားထိခိုက်မှု ဘယ်လိုအခြေအနေတွေရှိနေလဲ။

ဖြေ။ ဒီနှစ်လတာ ကာလအတွင်းမှာတော့ ဒီနှစ်လပိုင်းနဲ့သုံးလတာကာလအတွင်းမှာ တပ်မဟာ၃ခုဖြစ်တဲ့ တပ်မဟာ (၁) သထုံခရိုင်၊ တပ်မဟာ၂ညောင်လေးပင်ခရိုင်နဲ့ တပ်မဟာ၅ဖာပွန်ခရိုင်အတွင်းမှာ လက်နက်ကြီးနဲ့ ရမ်းသမ်း ပစ်ခတ်မှုနဲ့ လေကြောင်းတိုက် ခိုက်မှုကြောင့် အနည်းဆုံးဒေသခံရွာသား၅ဦးသေဆုံးတယ်။ ၁၁ဦးဒဏ်ရာရတယ်။ အနည်းဆုံးကတော့ ကလေးငယ်လေးဦး ပါဝင်ပြီးတော့ အမျိုးသမီးတစ်ဦးပါဝင်တယ်ပေါ့။ ဒီအရေအတွက်ဟာဆိုရင် လက်လှမ်းမှီတဲ့ မှတ်တမ်းပြုစုချက်ပဲဖြစ်တယ်။

ထိခိုက်နစ်နာသေဆုံးမှုကတော့ ဒီထက် များပြားနိုင်တာပေါ့နော်။ ထိခိုက်ပျက်စီးသွားတဲ့ အဆောက်အဦးထဲမှာ ဆိုရင် အဆောက် အဦးက၂၈ခုလောက်ရှိမယ်။ ဒါတွေက အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေလည်းပါတယ်။ ဆေးပေးခန်းလည်းပါတယ်။ နောက်ပြီးရင် ဘာသာရေးဆိုင်ရာအဆောက်အဦးတွေလည်း ပါတဲ့အပြင် ဒေသခံ ရွာသားတွေရဲ့ ကားတစ်စီးရယ်၊ နွားတစ်ကောင် သေဆုံးတယ်လို့ ကျွန်တော်တို့ မှတ်တမ်းပြုစုချက်အရ သိရှိရတာပေါ့လေ။

မေး။ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ကရင်လူ့အခွင့်အရေးအဖွဲ့အနေနဲ့ ဘာတွေပြောချင်လဲ၊ ထွက်ပြေးတိမ်းရှောင် နေရတဲ့ စစ်ဘေးရှောင်အခြေအနေနဲ့ အခြားပြောလိုတာရှိရင် ပြောပေးပါဦ။

ဖြေ။ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးတော့မှ တိုက်ခိုက်ခြင်းဟာဆိုရင် ကျွန်တော်တို့ နိုင်ငံတကာ လူသား ချင်းစာနာထောက် ထားခြင်း ဥပဒေကို လုံးဝချိုးဖောက်ရာ ရောက်တယ်ပေါ့။ ခြုံပြောရမယ်ဆိုရင် ကျွန်တော်တို့ ကရင်ပြည်နယ်အတွင်းမှာ ဒီနှစ်လပိုင်း၊ သုံးလပိုင်း ၂၀၂၃ ခုနှစ်အတွင်းမှာ လုံးဝလုံခြုံမှု မရှိသေးဘူး။ တိုက်ပွဲ တွေ ဆက်လက်ဖြစ်ပွားနေတယ်။ အပြန်အလှန်ပစ်ခတ်မှု လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွား နေတယ်။ ပြည်သူလူထုတွေ ဆက်လက်ပြီးတော့မှ သေကြေရတယ်။ ထိခိုက်ဒဏ် ရာရ ကြတယ်။ နောက် အဆောက်အဦးတွေ ထိခိုက်ပျက်စီးကြရတယ်။ အကြောက်တရားနဲ့ နေထိုင်ရတယ်။ ပြီးရင် ပြည်တွင်းနေရာ ရွှေ့ပြောင်းမှုလည်း ဆက်လက်ပြီးတော့မှ ဖြစ်ပွားနေတယ်ပေါ့လေ။လူသားချင်းစာနာထောက်ထားမှု အကူအညီတွေလည်း ဆက် လက် လိုအပ်လျက်ရှိနေတယ်ပေါ့။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here