လားဟူဒီမိုကရက်တစ်အစည်းအရုံး

0
1506

လားဟူဒီမိုကရက်တစ်အစည်းအရုံး – LDU

စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၁ ဇန်နဝါရီ ၁၉၇၃ ၊ ၁၉၈၇၊ ၁၉၉၇၊ ဧပြီ ၂၀ဝ၈

ရုံးချုပ် – ရှမ်းပြည်နယ် မိုင်းဆက်ခရိုင် လွယ်လန်းဒေသ

လှုပ်ရှားရာနယ်မြေ – ရှမ်းပြည်နယ် မိုင်းဆက်ခရိုင် လွယ်လန်းဒေသ

လားဟူလူထုအင်အား – အတည်မပြုနိုင်

ဥက္ကဋ္ဌ – ကျာဟား

ဒု-ဥက္ကဋ္ဌ – ၁ –

အထွေထွေအတွင်းရေးမှူး – ကျာဆော်လမွန်

LDU သည် ၁၉၇၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် လားဟူညီညွတ်ရေးပါတီ (LUP) ၊ ၁၉၈၇ ခုနှစ် လားဟူအမျိုးသားအဖွဲ့အစည်း၊ ၁၉၉၇ ခုနှစ် လားဟူဒီမိုကရက်တစ်တပ်ဦး (LDF) တို့မှ အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်း ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ပါဝင်ဆွေးနွေးခဲ့သော်လည်း ဦးသိန်းစိန်အစိုးရ၏ NCA လက်မှတ်ရေးထိုးချိန်တွင်တော့ လက်နက်ကိုင်အဖွဲ့အစည်းမဟုတ်ဟု အကြောင်းပြကာ NCA လက်မှတ်ရေးထိုးရန် ဖိတ်ခေါ်ခြင်း မခံခဲ့ရပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သည့် အစိုးရလက်ထက်၊ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင်မှသာ NCA ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း သက်ဆက်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုကို ဖော်ဆောင်ရန် ဦးစားပေး အစီအစဉ်တစ်ရပ်အဖြစ် ချမှတ်ခဲ့ပြီး ပြန့်ကျဲနေသော လားဟူလူများများကို စုစည်းကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်သွားမည့်အကြောင်း LDU အထွေ ထွေအတွင်းရေးမှူးက ပြောဆိုဖူးသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်အတူ နိုင်ငံရေးဆွေးနွေးပွဲများတဆင့် လားဟူလူမျိုးတို့၏ ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်အထိ တစ်ဆင့်ချင်း ဖော်ဆောင်သွားမည်ဟု ဆိုပါသည်။

စစ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီ၏ NCA ခြောက်နှစ်ပြည့်အခမ်းအနားသို့ တက်ရောက်ခဲ့သည်ကို တွေ့ရ ပြီး PPST နှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၁ – ၂၀၂၂

LEAVE A REPLY

Please enter your comment!
Please enter your name here