ထန်တလန်မြို့တွင် စစ်ကောင်စီတပ်သား ၆ ဦးကို ချင်းကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီး

0
156

ချင်းပြည်နယ် ထန်တလန်မြို့တွင် ဇန်နဝါရီလ ၃၁ ရက်နေ့က စစ်ကောင်စီတပ်သား ၆ ဦးကို လက်နက်နှင့်အတူ ချင်းကာကွယ်ရေးတပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

အဆိုပါ စစ်ကောင်စီတပ်သား ၆ ဦးကို ထန်တလန်မြို့ CB ဘဏ်အဆောက်အအုံထဲမှာ ချင်းအမျိုးသားတပ်မတော် CNA နဲ့ CDF တပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ထန်တလန်ကလာသော သတင်းရင်းမြစ်က ဆိုသည်။

၎င်းတို့နှင့်အတူ သေနတ် ၇ လက် မော်တာဗုံးသီး ၈ လုံးလည်း သိမ်းဆည်းရမိသည်ဟု သိရသည်။

စစ်ကောင်စီတပ်သား ၆ ဦး ဖမ်းဆီးခံရပြီးနောက် ယမန်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။

KMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here