“မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ကောင်းတဲ့အမှတ်တရ တခုမှမရှိခဲ့ပါဘူး”
“၇၆” ကြိမ်မြောက် နိုင်ငံတကာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ် အခမ်းအနားတွင် လူ့အခွင့်အရေးပညာပေးလုပ်ငန်းများ လုပ်ကိုင်နေသူ ကျေးလက်မြေအဖွဲ့မှ မူစဲကပြောပါသည်။ ၂၀၁၈ ခုနှစ် ဝန်းကျင်၊ သူ့လုပ်ငန်းများ မစတင်ခင်က မကွေးတိုင်းအတွင်းရှိ ဒေသခံပြည်သူလူထု၏ လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးမှုများ လိုလားတောင့်တမှုများကိုလည်း မူစဲက ပြန်ပြောပြခဲ့ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ ပြည်သူလူထုသည် လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများကိုပင် လူ့အခွင့်အရေးချိုးဖောက်မှုအဖြစ် ဝေခွဲမရဖြစ်နေခဲ့ကြရပါသည်။
“Our Rights, Our Future, Right Now” ဆိုသည့် ကြွေးကြော်သံနှင့်အတူ “၇၆” ကြိမ်မြောက် လူ့အခွင့်အရေးနေ့ကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် လှုပ်ရှားဆောင်ရွက်လျက်ရှိပါသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော စစ်အုပ်စု၏ စစ်အာဏာသိမ်းကာလနှင့် ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံအတွင်းတွင်တော့ “လူ့အခွင့်အရေး ထွန်းကားစေ၊ တရားမျှတလွတ်လပ်မြေ” ဟူသော ကြွေးကြော်သံများနှင့်အတူ စစ်အုပ်စု၏ ထိန်းချုပ်မှုမှ လွတ်ကင်းလာသော တော်လှန်ရေးအင်အားစုများ၏ နယ်မြေများအတွင်း လှုပ်ရှားလျက်ရှိပါသည်။
ယခုတပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် စစ်အာဏာသိမ်းကာလအတွင်း အကာအကွယ်ကင်းမဲ့ပြီး ပြစ်မှုပြစ်ဒဏ်မှ လွတ်ကင်းနေသော မြန်မာနိုင်ငံတဝှမ်းမှ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုဖြစ်စဉ်များနှင့် လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုများအကြောင်းကို လက်လှမ်းမီသမျှ လေ့လာတင်ပြသွားပါမည်။
ဆက်လက်ဖတ်ရှုရန်>>>