21 ဇန်နဝါရီ 2025 /

See today's Peace Related News

ALP ဦးစီးချုပ်နှင့် အရာရှိ ၂ ဦး လွတ်လပ်ရေးနေ့ အခမ်းအနားမှအပြန် ပစ်သတ်ခံရ

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) စစ်ဦးစီချုပ်အပါအဝင် သုံးဦး ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယနေ့နံနက်က ပစ်သတ်ခံလိုက်ရသည်ဟု ALP တာဝန်ရှိသူက အတည်ပြုပြောသည်။

ဇန္နဝါရီလ ၄ ရက်နေ့ (ယနေ့) နံနက်ပိုင်းတွင်ပြုလုပ်မည့် လွတ်လပ်ရေးနေ့အခမ်းအနားကို သွားတက်ရောက်ပြီး အပြန်တွင် ပစ်သတ်ခံလိုက်ရခြင်းဖြစ်သည်ဟု ALP ဒု-ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနကို ပြောသည်။

“ကားတစ်စီးက လမ်းဘေးမှာ လုပ်ကြံခံထားရတာတွေ့တော့ တပ်မှူးတစ်ယောက် သွားတွေ့တယ်။ အဲ့ဒီတပ်မှူးက သွားကြည့်လိုက်တဲ့အခါမှာ ကိုယ့်လူတွေဖြစ်နေလို့ မြို့နယ်မှူးကို အကြောင်းကြားတယ်လို့ ပြောတယ်။ အခုက အန်တီက ကြားလာတာက အခင်းဖြစ်လို့ နောက်သုံးနာရီလောက်အကြာမှာမှ သိလိုက်ရတာဆိုတော့ ဘာမှလည်း အတိအကျ မပြောနိုင်သေးဘူး။ သေသွားတာတော့ သေသွားပြီ” ဟု ဒေါ်စောမြရာဇာလင်းက ပြောသည်။

စစ်တွေမြို့ရှိ ဝေသာလီကွင်းတွင် ကျင်းပသည့် လွတ်လပ်ရေးနေ့ အခမ်းအနားပွဲတက်ပြီး အပြန် စက်ရုံစုရပ်ကွက်၊ ဆီတန်းဆိုသည့် နေရာအရောက်တွင် ပစ်ခတ်အသတ်ခံလိုက်ရခြင်းဖြစ်သည်ဟု ဒေသခံများက ပြော သည်။

သေဆုံးသွားသူ ၃ ဦးအနက် ALP ၏ စစ်ဦးစီးချုပ်နှင့် တပ်ရင်းမှူး ပါဝင်သည်မှာလည်း မှန်ကန်ကြောင်း ဒေါ်စောမြရာဇာလင်းက အတည်ပြုပြောသည်။

ဒေါ်စောမြရာဇာလင်းက “ဘာမှလည်း မပြောချင်ဘူး။ သတ်ချင်လို့လာသတ်တာ။ သေသွားတဲ့လူလည်း သေသွားပြီ။ ဒီထက် ဘာမှ မပြောချင်တော့ဘူး။ အန်တီက ပြောဖို့အတွက် အရမ်းအခက်အခဲရှိသွားလိမ့်မယ်။ အခု ဒီလောက်ပဲ အန်တီပြောပြရစေ။ သတ်ချင်လို့လာသတ်တယ်။ သေသွားတဲ့လူက သေသွားပြီ။ ရခိုင်ပြည်ရဲ့ လုံခြုံရေးအခြေအနေက အဲ့ဒီလောက်ထိ အခက်အခဲရှိနေတယ်ဆိုတာကိုပဲ ပြောချင်တာ” ဟု ပြောသည်။

ရခိုင်ပြည်လွတ်‌မြောက်ရေးပါတီ ALP ပါတီ၏ စစ်ဦးစီးချုပ် ခိုင်စောမြ၊ တပ်ရင်းမှူး ခိုင်ကျော်စိုးနှင့် ဗိုလ်ကြီးအဆင့်ရှိသူ ခိုင်သူရိန်တို့ သုံးဦးကို အမည်မသိ သေနတ်သမားများက အနီးကပ် သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

သေဆုံသွားသူများမှာ ဦးခေါင်း၊ မေးစေ့၊ ခန္ဓာကိုယ်နှင့် ပေါင်များတွင် ဖောက်ထွက်ဒဏ်ရာများအပြင် နားအောက်နှင့် ဘယ်ဘက် နားထင်အထက်တို့တွင် သေနတ်ဒဏ်ရာများရရှိခဲ့ကာ သေဆုံးခဲ့ခြင်းဖြစ်သည် ရခိုင်အခြေစိုက် သတင်းဌာနများက မျက်မြင်တွေ့ရှိသူများကို ကိုးကားလျက် ရေးသားထားသည်။

သေဆုံးသွားသည့် ALP စစ်ဦးချုပ်အပါအဝင် ၎င်းတို့သုံးဦး၏ ရုပ်အလောင်းများကို စစ်တွေဆေးရုံရှိ ရင်ခွဲရုံတွင် ထားရှိသည်ဟုလည်း ဒေသခံများက ပြောသည်။

ALP သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းဖြစ်ပြီး ဒီဇင်ဘာလအတွင်းမှာပင် အပစ်ရပ်လက်မှတ်ထိုး ၅ ဖွဲ့ စစ်ကောင်စီတို့ တွေ့ဆုံရာတွင် ပါဝင်ခဲ့သည့် အဖွဲ့လည်းဖြစ်သည်။

ALP သည် စစ်ကောင်စီနှင့်တွေ့ဆုံကာ ရခိုင်ပြည်နယ်တွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပြင် လုပ်ဆောင်မည်ဟု ပြောဆိုထားသော်လည်း ပြည်နယ်အတွက် အကျိုးရလဒ်များ ထွက်ပေါ်လာမည် မဟုတ်ကြောင်း ရခိုင်အသိုင်းအဝိုင်းတွင် ဝေဖန်ခံနေရသည့် အဖွဲ့အစည်းဖြစ်သည်။

NMG – ပေးပို့သည်။

“ငါတို့အတွင်း အမြင်မတူမှုတွေအတွက် နည်းလမ်းပေါင်းစုံနဲ့ ချိတ်ဆက်ဆွေးနွေးမှုတွေ ထဲထဲဝင်ဝင်လုပ်ဖို့ ပြင်ဆင်ထားပါတယ်၊ ၂၀၂၅ က အားလုံးအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ဖို့ ပြင်ဆင်ထားပါတယ်” ဆလိုင်းထက်နီ- ပြောရေးဆိုခွင့်ရှိသူ/ ချင်းအမျိုးသားတပ်ဦး CNF

ချင်းအမျိုးသားတပ်ဦး CNF ၏ ၂၀၂၅ ခုနှစ် စစ်ရေးရည်မှန်းချက်အပါအဝင် ချင်းအမျိုးသားညီညွတ်ရေး အခိုင်အမာအုတ်မြစ်ချနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည့်အပေါ် CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီနှင့် ဆက်သွယ်မေးမြန်းချက်။မြန်မာ့နွေဦးတော်လှန်ရေးတွင် တူမီးသေနတ်ကိုစွဲကိုင်ပြီး စစ်အာဏာရှင်ကို အစောဆုံး ဆန့်ကျင်တော်လှန်သည့် ချင်းပြည်တွင် တော်လှန်ရေးကာလ ၄ နှစ်နီးပါးရှိလာချိန် ချင်းပြည်၏ နယ်မြေ ၈၀...

မွန်တော်လှန်ရေးတပ်ဖွဲ့ ၄ ဖွဲ့ ပူးပေါင်းဖွဲ့စည်းထားသည့် “ရာမညပူးတွဲစစ်ကြောင်း” စစ်ဆင်ရေး ပြုလုပ်သွားမည်

မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF)၊ မွန်ပြည်သစ်ပါတီ (MNLA-AD) နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်မတော် (MLA) တို့ ပူးပေါင်းဖွဲ့စည်းထားသည့် “ရာမညပူးတွဲစစ်ကြောင်း” စစ်ဆင်ရေးပြုလုပ်သွားမည်ဟု မွန်တော်လှန်ရေးတပ်ဖွဲ့တို့က ဇန်နဝါရီ ၁၉ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။မွန်တော်လှန်ရေးတပ်ဖွဲ့ ၄ ဖွဲ့ ဖြစ်သည့် MSRF၊ MSDF၊ MNLA-AD...

“ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်၊ မီးလောင်ပျက်စီးဆုံးရှုံးမှုတွေ လွတ်မြောက်နိုင်ဖို့အတွက် ကျွန်တော်တို့ စကားပြောဖို့လိုအပ်တဲ့ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေအားလုံးနဲ့ ကျွန်တော်တို့ထိတွေ့ဆက်ဆံနိုင်အောင် ကြိုးပမ်းဆောင်ရွက်လိုတဲ့ အာသီသကို ပြောတာပါ” – ဗိုလ်မှူးကြီးစောကျော်ညွန့် / 7 EAO Alliance အဖွဲ့ ပြောခွင့်ရသူ

7 EAO Alliance အဖွဲ့၏ နိုင်ငံရေးဘောင်ချဲ့ထွင်သည့် လုပ်ငန်းစဉ် တိုးမြှင့်ဆောင်ရွက်မည့်အစီအစဉ်နှင့် ပတ်သက်ပြီး အဖွဲ့ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောကျော်ညွန့်နှင့် ဆက်သွယ်မေးမြန်းချက်။ပြည်တွင်း၌ နိုင်ငံရေးဘောင်ချဲ့ထွင်သည့် လုပ်ငန်းစဉ်ကို တိုးမြှင့်ဆောင်ရွက်မည်ဟု အပစ်ရပ်လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း မဟာမိတ် ၇ ဖွဲ့ (7 EAO Alliance) က အွန်လိုင်းကနေ...