25 ဇန်နဝါရီ 2025 /

See today's Peace Related News

မြိင်မြို့နယ် ထန်းပေါက်ကုန်းရွာအား စစ်ကောင်စီတပ် လေယာဉ်နဲ့ ဗုံးကြဲ

မကွေးတိုင်း၊ မြိုင်မြို့နယ် ထန်းပေါက်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က MI-35 Jet Fighter နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မြိုင်-ပ.က.ဖ တပ်ရင်း (၁) က ဗိုလ်လက်ျာက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မတ်လ (၉) ရက်နေ့ မနက် (၁၁) နာရီဝန်းကျင်က Well-2 ရေနံမြေနားမှာရှိတဲ့ ထန်းပေါက် ကုန်းရွာကို စစ်ကောင်စီက လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ဒေသံတစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိထားတယ်လို့ သိရပါတယ်။

“လောလောဆယ်တော့ အကုန်လုံးထွက်ပြေးနေရတယ်။ အရင်နေ့တွေက စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ဖြစ်တာ သူတို့ဘက်က သုံးယောက်သေတယ်။ အဲဒါကို ဒီနေ့ကျတော့ လေယာဉ်နဲ့ လာပစ်တာအတွဲလိုက်လည်းလက်နက်ကြီးတွေနဲ့ပစ်နေတယ်။” လို့ မြိုင်- ပ.က.ဖ တပ်ရင်း (၁) က ဗိုလ်လကျ်ာက ပြောပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ထိခိုက်ပျက်ဆီးဆုံးရှုံးမှု အခြေအနေအသေးစိတ်ကို မသိရသေးဘဲ ဒေသခံတွေ နေရပ်မပြန်နိုင်သေးဘူးလို့ ဗိုလ်လက်ျာက ပြောပါသေးတယ်။

လက်ရှိအချိန်မှာတော့ ထန်းပေါက်ကုန်း တစ်ရွာလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ကောင်စီက မြိုင်မြို့ကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်တာ ဒီတစ်ကြိမ်နဲ့ဆိုရင် (၄) ကြိမ်အထိရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ (၇) ရက်နေ့ကလည်း ဖလံကိုင်းကျေးရွာက ရေစည်လှည်းတွေ အနိုင်ကျင့်ယူ ဆောင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က Drop Bomb နဲ့ တိုက်ခိုက်ခဲ့လို့ နှစ်ဦး ဒဏ်ရာ ပြင်းထန်ပြီး တစ်ဦးသေဆုံးခဲ့ပါသေးတယ်။

တိုက်ခိုက်ခံလိုက်ရတဲ့ စစ်ကောင်စီတပ်သားတွေဟာလက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် အသက် (၄၂) နှစ်အရွယ်ဒေသခံတစ်ဦး သေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရရှိသွား တယ်လို့ သိရ ပါတယ်။

စစ်ကောင်စီတပ်တွေဟာ မြိုင်မြို့နယ် ထန်းပေါက်ကုန်းကျေးရွာနာမှာရှိတဲ့ ဖလံကိုင်းရွာမှာ အထိုင်ချနေတာဖြစ်ပြီး ဒေသကာကွယ်ရေးတပ်တွေနဲ့ ဒီလအတွင်း ထိတွေ့တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတဝန်းမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ (၂၀၀) ကျော်သေဆုံးထားတယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

“ရာမညပူးတွဲစစ်ကြောင်းအနေနဲ့ ဗျူဟာမြောက်စစ်ဆင်ရေးတွေ ဖော်ဆောင်နိုင်ဖို့ ကျွန်တော်တို့ ရည်မှန်းထား ပါတယ်။ ဒီထက်အချက်အခြာကျတဲ့ ဗျူဟာမြောက်စစ်ဆင်ရေးတွေကို မဟာမိတ်အဖွဲ့အစည်းတွေဖြစ်ကြတဲ့ NUG၊ MOD၊ PDF တွေနဲ့ ကျွန်တော်တို့ရဲ့မဟာမိတ် KNU တပ်ဖွဲ့တွေနဲ့လည်း လိုအပ်ရင်လိုအပ်သလိုပူးတွဲပြီး စစ်ဆင်ရေးတွေ လုပ်သွားပါမယ်” ဒေါက်တာသီရိမွန်ချမ်း/ ရာမညစစ်ကြောင်းပြောရေးဆိုခွင့်ရှိသူ

ရာမညစစ်ကြောင်းဖော်ဆောင်မည့် စစ်ရေးအလာအလာများနှင့်ပတ်သက်ပြီး ရာမညစစ်ကြောင်း၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသီရိမွန်ချမ်းနှင့် ဆက်သွယ်မေးမြန်းချက်။စစ်အာဏာသိမ်းခံရသည့် လေးနှစ်ပြည့်ခါနီးချိန် ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်နေ့တွင် မွန်လက်နက်ကိုင် တော်လှန်ရေး ၄ ဖွဲ့သည် စစ်အာဏာရှင်စနစ်ကို အတူတကွတိုက်ဖျက်ရန် ရာမညပူးတွဲစစ်ကြောင်းကို ဖွဲ့စည်းလိုက်ပါသည်။မွန်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၄ ဖွဲ့နှင့် ဖွဲ့စည်းထားသည့် ရာမညပူးတွဲစစ်ကြောင်းတွင် မွန်ပြည်...

စစ်တွေတိုက်ပွဲကြောင့် နေရပ်စွန့်ခွာသူ သုံးထောင်ကျော်အထိတိုးလာ

ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် လတ်တလောဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူဦးရေ ၃,၀၀၀ ကျော်အထိ တိုးလာနေကြောင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူများထံမှ သိရသည်။ထွက်ပြေးလာသည့် စစ်ဘေးရှောင်များမှာ စစ်တွေမြို့အနီးအနားရွာများနှင့် စစ်တွေမြို့ပေါ်ရှိ စက်ရုံစု၊ ရွှေပြည်သာ၊ မင်းဂံ၊ ဆတ်ရိုးကျ စသည့် ရပ်ကွက်များမှဖြစ်ပြီး မိသားစု ၇၅၀၊ လူဦးရေ...

စစ်ကောင်စီ စစ်သုံ့ပန်း ၁၅၀ ဦးကို CDF – အရှို ဖမ်းဆီးထိန်းသိမ်းထားခဲ့ဟုဆို

မကွေးတိုင်းအနောက်ခြမ်းတွင် စစ်ကောင်စီကိုတိုက်ခိုက်နေသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF - အရှို သည် တော်လှန်ရေး ၂ နှစ်တာ ကာလအတွင်း စစ်ကောင်စီမိသားစုဝင်တချို့ အပါအဝင် စစ်ကောင်စီစစ်သုံ့ပန်း ၁၅၀ ဦး ကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့တွင် CDF...