21 ဇန်နဝါရီ 2025 /

See today's Peace Related News

မြိင်မြို့နယ် ထန်းပေါက်ကုန်းရွာအား စစ်ကောင်စီတပ် လေယာဉ်နဲ့ ဗုံးကြဲ

မကွေးတိုင်း၊ မြိုင်မြို့နယ် ထန်းပေါက်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က MI-35 Jet Fighter နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မြိုင်-ပ.က.ဖ တပ်ရင်း (၁) က ဗိုလ်လက်ျာက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မတ်လ (၉) ရက်နေ့ မနက် (၁၁) နာရီဝန်းကျင်က Well-2 ရေနံမြေနားမှာရှိတဲ့ ထန်းပေါက် ကုန်းရွာကို စစ်ကောင်စီက လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ဒေသံတစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိထားတယ်လို့ သိရပါတယ်။

“လောလောဆယ်တော့ အကုန်လုံးထွက်ပြေးနေရတယ်။ အရင်နေ့တွေက စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ဖြစ်တာ သူတို့ဘက်က သုံးယောက်သေတယ်။ အဲဒါကို ဒီနေ့ကျတော့ လေယာဉ်နဲ့ လာပစ်တာအတွဲလိုက်လည်းလက်နက်ကြီးတွေနဲ့ပစ်နေတယ်။” လို့ မြိုင်- ပ.က.ဖ တပ်ရင်း (၁) က ဗိုလ်လကျ်ာက ပြောပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ထိခိုက်ပျက်ဆီးဆုံးရှုံးမှု အခြေအနေအသေးစိတ်ကို မသိရသေးဘဲ ဒေသခံတွေ နေရပ်မပြန်နိုင်သေးဘူးလို့ ဗိုလ်လက်ျာက ပြောပါသေးတယ်။

လက်ရှိအချိန်မှာတော့ ထန်းပေါက်ကုန်း တစ်ရွာလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ကောင်စီက မြိုင်မြို့ကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်တာ ဒီတစ်ကြိမ်နဲ့ဆိုရင် (၄) ကြိမ်အထိရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ (၇) ရက်နေ့ကလည်း ဖလံကိုင်းကျေးရွာက ရေစည်လှည်းတွေ အနိုင်ကျင့်ယူ ဆောင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က Drop Bomb နဲ့ တိုက်ခိုက်ခဲ့လို့ နှစ်ဦး ဒဏ်ရာ ပြင်းထန်ပြီး တစ်ဦးသေဆုံးခဲ့ပါသေးတယ်။

တိုက်ခိုက်ခံလိုက်ရတဲ့ စစ်ကောင်စီတပ်သားတွေဟာလက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် အသက် (၄၂) နှစ်အရွယ်ဒေသခံတစ်ဦး သေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရရှိသွား တယ်လို့ သိရ ပါတယ်။

စစ်ကောင်စီတပ်တွေဟာ မြိုင်မြို့နယ် ထန်းပေါက်ကုန်းကျေးရွာနာမှာရှိတဲ့ ဖလံကိုင်းရွာမှာ အထိုင်ချနေတာဖြစ်ပြီး ဒေသကာကွယ်ရေးတပ်တွေနဲ့ ဒီလအတွင်း ထိတွေ့တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတဝန်းမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ (၂၀၀) ကျော်သေဆုံးထားတယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

ရှမ်းမြောက်၊ ဝိန်းဆိုင်ကျေးရွာတွင် တပ်ချရန်ပြင်ဆင်နေသည့် ကိုးကန့်တပ်ကို ကချင်ဒေသခံများ ကန့်ကွက်နေ

ရှမ်းမြောက် မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်ခွဲ မုံးပေါ်ကျေးရွာအနီး၊ ဝိန်းဆိုင်ကျေးရွာ အလယ်တွင်ရှိသည့် အများပိုင် ဆန်စက်ရုံကို ကိုးကန့် MNDAA တပ်ဖွဲ့က တပ်စခန်းချရန် ပြင်ဆင်လာသည်ကို ဒေသခံပြည်သူတို့က ကန့်ကွက်နေကြောင်း သိရသည်။ကိုးကန့် MNDAA တပ်ဖွဲ့က မုံးပေါ်ကနေ ရောက်ရှိလာပြီး ဝိန်းဆိုင်ရွာတွင် MNDAA ရုံးစိုက်ရန်အတွက် ဝိန်းဆိုင်...

ဆမီးမြို့ပေါ်က ပြည်သူများ ဆေးကုသမှုပိုင်း အခက်အခဲကြုံတွေ့နေကြရ

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ပေါ်တွင် နေထိုင်ကြသည့်ပြည်သူများသည် ဆရာဝန်နှင့် ဆေးဝါးမလုံလောက်မှုကြောင့် ကျန်းမာရေးစောင့်ရှောက်မှုပိုင်းတွင် အခက်အခဲကြုံတွေ့နေကြရသည်ဟု ဆမီးမြို့ခံများထံမှ သိရသည်။ဆမီးမြို့ဒေသခံတဦးက “မြို့ပေါ်မှာက AA ရခိုင်ဘက်က ဆရာဝန်တော့ရှိတယ်။ ဆေးခန်းမှာတော့ ရောဂါနဲ့ တိုက်ဆိုင်တဲ့ဟာရှိရင် ကုပေးတာပေါ့။ ဒါပေမယ့် ခွဲစိတ်မှုလုပ်ဖို့ကလည်း ဓာတ်မှန်လည်းမရှိ၊...

“ငါတို့အတွင်း အမြင်မတူမှုတွေအတွက် နည်းလမ်းပေါင်းစုံနဲ့ ချိတ်ဆက်ဆွေးနွေးမှုတွေ ထဲထဲဝင်ဝင်လုပ်ဖို့ ပြင်ဆင်ထားပါတယ်၊ ၂၀၂၅ က အားလုံးအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ဖို့ ပြင်ဆင်ထားပါတယ်” ဆလိုင်းထက်နီ- ပြောရေးဆိုခွင့်ရှိသူ/ ချင်းအမျိုးသားတပ်ဦး CNF

ချင်းအမျိုးသားတပ်ဦး CNF ၏ ၂၀၂၅ ခုနှစ် စစ်ရေးရည်မှန်းချက်အပါအဝင် ချင်းအမျိုးသားညီညွတ်ရေး အခိုင်အမာအုတ်မြစ်ချနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည့်အပေါ် CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီနှင့် ဆက်သွယ်မေးမြန်းချက်။မြန်မာ့နွေဦးတော်လှန်ရေးတွင် တူမီးသေနတ်ကိုစွဲကိုင်ပြီး စစ်အာဏာရှင်ကို အစောဆုံး ဆန့်ကျင်တော်လှန်သည့် ချင်းပြည်တွင် တော်လှန်ရေးကာလ ၄ နှစ်နီးပါးရှိလာချိန် ချင်းပြည်၏ နယ်မြေ ၈၀...