15 ဖေ‌ဖော်ဝါရီ 2025 /

See today's Peace Related News

သတင်းတီးတိန်တွင် မြို့သိမ်းတိုက်ပွဲ ဖြစ်လာနိုင်သည့်သတင်းကြောင့် မြို့ခံများက ပစ္စည်းများ ကြိုတင်ရွှေ့ပြောင်းနေ

တီးတိန်တွင် မြို့သိမ်းတိုက်ပွဲ ဖြစ်လာနိုင်သည့်သတင်းကြောင့် မြို့ခံများက ပစ္စည်းများ ကြိုတင်ရွှေ့ပြောင်းနေ

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့ပေါ်တွင် မြို့သိမ်းတိုက်ပွဲဖြစ်လာနိုင်သည့်သတင်းကြောင့် တီးတိန်မြို့ခံ ပြည်သူအများစုသည် မိမိပိုင်ဆိုင်ရာပစ္စည်းများကို ကျေးလက်ဒေသများသို့ ကြိုတင်ပြောင်းရွေ့မှုများ ပြုလုပ်နေကြသည်ဟု တီးတိန်မြို့ခံတို့ထံမှ သိရသည်။

တီးတိန်မြို့ပေါ်က တပ်ကုန်း၊ ရဲစခန်းနှင့်နီးစပ်သည့် ရပ်ကွက်များနှင့် မြို့မရပ်ကွက် လမ်းမကြီးတလျှောက်တွင် နေထိုင်ကြသည့် ပြည်သူများသည် ကလေးမြို့အပါအဝင် မြို့နှင့်အလှမ်းဝေးသော ကျေးရွာများသို့ ပြောင်းရွှေ့နိုင်သော ပစ္စည်းများကို ရွှေ့ပြောင်းနေကြခြင်း ဖြစ်သည်။

တီးတိန်မြို့ခံအမျိုးသမီးတဦးက “အခုတော်တော်များများက သူတို့ရဲ့တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ပို့တာများကြ တယ်။ ဈေးဆိုင်ကြီးတွေဆိုရင်လည်း သူတို့ပစ္စည်းတွေကို ပို့နေကြတာ မြင်နေရပြီ။ ဒီနေ့ဆိုရင်လည်း သယ်နေကြတော့တာပဲ။ ကျမရဲ့ပစ္စည်းအချို့လည်း ကြိုပြီးတော့ ကလေးဘက်ကိုပို့မလို့ စီစဉ်မှုတွေလုပ်နေတယ်” ဟု ပြောသည်။

တီးတိန်မြို့ဒေသခံများသည် ၎င်းတို့၏ပစ္စည်းများကို ကြိုတင်ပြောင်းရွှေ့နေခြင်းဖြစ်ပြီး မြို့ပေါ်နေပြည်သူများ ထွက်ပြေးတိမ်းရှောင်ခြင်း မဟုတ်ကြောင်း ဒေသခံများက ပြောဆိုသည်။

တီးတိန်မြို့ခံတဦးက “လူကတော့ ထွက်ပြေးတာ မဟုတ်သေးဘူး၊ ပစ္စည်းသယ်ဖို့ခက်တဲ့ဟာတွေကို ရွှေ့တာတွေ ရှိတယ်။ တချို့က နီးစပ်ရာရွာတွေကို ရွှေ့ကြတယ်။ တချို့က ကလေးမြို့ဘက်ကို ရွှေ့တဲ့သူတွေရှိတယ်။ ပထမအခေါက်ကလည်း ဘာမှမသိဘဲ မပြင်ဆင်ရဘဲ ဖြစ်လာတာဆိုတော့ အခု သူတို့ပစ္စည်းရွှေ့တယ်ဆိုတာကလည်း ဖြစ်လာခဲ့ရင်က ပစ္စည်းမရွှေ့အားမှာ စိုးရိမ်စိတ်နဲ့ဆိုပြီး ရွှေ့ကြတာ” ဟု ပြောသည်။

ဆက်လက်ပြီး ၎င်းက “အခုက တရားဝင်ထုတ်ပြန်တာမျိုးတော့ မဟုတ်ဘူး။ သူတို့ရဲ့ ဆိုရှယ်မီဒီယာမှာ လေးလံတဲ့ပစ္စည်းတွေကို စသယ်လို့ရပြီ လူကတော့ထွက်ပြေးဖို့ မလိုသေးဘူးပုံစံမျိုး တင်တာမျိုးတွေရှိတော့၊ အဲ့လိုဆိုတော့ လူတွေကတော့ ပစ္စည်းစပြီးတော့ရွှေ့ကြတာပေါ့။ မြို့နေလူထုကတော့ ရှောင်တာမျိုး မဟုတ်သေးပါဘူး” ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလကုန်ပိုင်းက တီးတိန်မြို့ပေါ်တွင် ချင်းညီနောင်အဖွဲ့က စစ်ဆင်ရေးဖော်ဆောင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းညီနောင်တပ်ဖွဲ့တို့အကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီက လူနေအိမ်များကို (၄) ကြိမ် မီးရှို့ခဲ့ပြီး လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့တာကြောင့် နေအိမ် (၇၀) ကျော် မီးလောင်ပျက်စီးခဲ့ရကြောင်း ဒေသခံတို့ပြောဆိုမှုအရ သိရသည်။

KMG ပေးပို့သည်။

အမေရိကန်သမ္မတအပြောင်းအလဲကြောင့် ကမ္ဘာနိုင်ငံအသီးသီးတွင်သာမက မြန်မာနိုင်ငံတွင်လည်း ရိုက်ခတ်မှုများရှိ…

အမေရိကန်သမ္မတအပြောင်းအလဲကြောင့် ကမ္ဘာနိုင်ငံအသီးသီးတွင်သာမက မြန်မာနိုင်ငံတွင်လည်း ရိုက်ခတ်မှုများရှိသည်ကို တွေ့ရှိရပါသည်။ မြန်မာ့ပြည်တွင်းစစ်မီးများကြောင့် ရေကြည်ရာမြက်နုရာသို့ ပြောင်းရွှေ့နေထိုင်ကြရသူများနှင့် စစ်ကောင်စီတပ်၏ မတရားဖိနှိပ်မှုများကြောင့် ပြည်ပထွက်ခွာ တိမ်းရှောင်ကြရသူများအဖို့ ရတက်မအေးစရာ ဖြစ်လာခဲ့ပါသည်။ ထို့ပြင် ပညာရေး၊ ကျန်းမာရေး၊ ဒုက္ခသည်များ ကူညီထောက်ပံ့ရေးနှင့် မီဒီယာလုပ်ငန်းများအပါအဝင် မြန်မာ့နွေဦးတော်လှန်ရေးအတွက်လည်း အနည်းအများရိုက်ခတ်မှုရှိသည်ဟု ထောက်ပြပြောဆိုထားကြသည်ကို တွေ့ရှိရပါသည်။သမ္မတဒေါ်နယ်ထရမ့်...

စစ်အာဏာသိမ်းကာလအတွင်း မြင့်တက်လာသည့် ကလေးသူငယ်၊ အမျိုးသမီးနှင့် အရပ်သားပြည်သူ သေဆုံးမှုများ

နိဒါန်းစစ်အာဏာသိမ်းကာလ (၄) နှစ်တာအတွင်း ၂၀၂၄ ခုနှစ်သည် မြန်မာနိုင်ငံတဝှမ်း စစ်ရေးပဋိပက္ခအကျယ်ပြန့်ဆုံးနှင့် အပြင်းထန်ဆုံးနှစ်ဖြစ်ခဲ့ပြီး ကလေးသူငယ်နှင့် အမျိုးသမီးအပါအဝင် အရပ်သားပြည်သူ သေဆုံးမှုအများဆုံးနှစ်တစ်နှစ်လည်း ဖြစ်ခဲ့သည်။ခုခံတော်လှန်စစ် အရှိန်အဟုန်မြှင့်တက်လာသည်နှင့်အမျှ စစ်မက်ဖြစ်ပွားရာ နယ်မြေဧရိယာလည်း ကျယ်ပြန့်လာတာကြောင့် စစ်ပွဲပဋိပက္ခအတွင်း ထိခိုက်သေဆုံးသူ အရပ်သားပြည်သူများတွင် အကာအကွယ်ရရှိမှု နည်းပါးသည့် ကလေးများနှင့် အမျိုးသမီးများ...

တောင်ကြီးမြို့တွင် ဒုစရိုက်မှုများလာပြီး အရေးယူနိုင်မှုမရှိဟုဆို

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် ၂၀၂၅ နှစ်ဦးပိုင်းအတွင်း ခိုးဆိုးလုယက် ဒုစရိုက်မှုကျူးလွန်သူများ ပိုမိုများပြားလာပြီး မြို့လယ်ခေါင်နေရာများအထိ ပေါ်ပေါ်ထင်ထင် ကျူးလွန်နေကြသည်ကို စစ်ကောင်စီက ထိန်းချုပ်နိုင်ခြင်းမရှိကြောင်း မြို့နေပြည်သူများက ပြောသည်။ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ ညနေ ၃ နာရီခွဲခန့်က တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်၊ သံလွင်မူကြိုရှေ့တွင် အထက်တန်းကျောင်းသူတစ်ဦး၏...