ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)

0
1757

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) – KNU/KNLA-PC

စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၁၁ ဖေဖော်ဝါရီ ၂၀ဝ၇

ရုံးချုပ် – ကော့ကရိတ်မြို့နယ် ၊ ကရင်ပြည်နယ်

လှုပ်ရှားရာ နယ်မြေ – ကော့ကရိတ်မြို့နယ်၊ လှိုင်းဘွဲ့မြို့နယ် ကရင်ပြည်နယ်

အင်အား – ၅၀ဝ အထက်

ဥက္ကဋ္ဌ – ဗိုလ်ချုပ်ကြီးစောထော့လေး

ဒု-ဥက္ကဌ – ဒေါက်တာနော်ကပေါ်ထူး

အထွေထွေအတွင်းရေးမှူးချုပ် – ဗိုလ်မှူးကြီးစောကျော်ညွန့်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် KNU/ KNLA-PC သည် NCA ကိုပဲ ဆက်လက်ကိုင်ဆွဲကာ အာဏာသိမ်းစစ်ကောင်စီနှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ NCA လမ်းကြောင်းအရ ဖြစ်ပေါ်လာသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တွင် တစိုက်မတ်မတ် ပူးပေါင်းပါဝင်လာခဲ့သည့် KNU/KNLA-PC သည် ၂၀၂၄ ခုနှစ် မတ်လ ၁၈ ရက်တွင် ပြန်လည်ဖွဲ့စည်းခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (၇) ဖွဲ့၏ မဟာမိတ်အဖွဲ့ (7 Ethnic Armed Organizations Alliance – 7 EAO Alliance) တွင် အဖွဲ့ဝင်အဖြစ် ပါဝင်လာခဲ့သည်။

KNU/KNLA-PC အထွေထွေအတွင်းရေးမှူးဖြစ်သူ ဗိုလ်မှူးကြီးစောကျော်ညွန့်က 7 EAO Alliance တွင် တွဲဖက်အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူထားပြီး လက်ရှိမြန်မာ့နိုင်ငံရေးအကျပ်အတည်းကို နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းကာ သက်ဆိုင်ရာအင်အားစုများနှင့် ဆွေးနွေးညှိနှိုင်းသွားမည်ဟု ဆိုထားပါသည်။

၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၀ ရက်တွင်တော့ မူးယစ်ဆေးဝါးနှင့် လောင်းကစားများအား လုပ်ဆောင်ခြင်း လုံးဝ (လုံးဝ) မပြုလုပ်ရန် တားမြစ်ထားပြီးဖြစ်သည့်အတွက် အမိန့်မနာခံဘဲ ဖောက်ဖျက်ပါက ထိရောက်စွာ အရေးယူခံရမည်ဖြစ်ကြောင်း KNU/KNLA-PC က ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်၏ မိတ္တူကို ၎င်းတို့၏ တပ်ရင်း၊ တပ်ဖွဲ့နှင့် တပ်ဖွဲ့ဝင်များအပြင် စစ်ကောင်စီလက်အောက်ခံ မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့မရဲစခန်း၊ BGF နှင့် DKBA ဆက်ဆံရေးရုံးများသို့ပါ လိပ်မူထားသည်ကို တွေ့ရသည်။ 1

1 တပ်ဖွဲ့ဝင်များ မူးယစ်ဆေးဝါးနှင့် လောင်းကစားလုပ်ငန်းများမပြုလုပ်ရန် KNU/KNLA-PC နှင့် DKBA တို့ အမိန့်ညွှန်ကြားချက်ထုတ်၊ ကေအိုင်စီ၊ ၁၀ ဒီဇင်ဘာ ၂၀၂၃

စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှုပေါင်း

၂၀၁၉ ခုနှစ် မှ ၂၀၂၃ ခုနှစ် မတ်လကုန်အထိ စစ်ကောင်စီတပ်နှင့် KNU/ KNLA-PC အကြား တိုက်ပွဲဖြစ်ပွားမှု တစုံတရာမရှိခဲ့ဟု ဆိုရပါမည်။

ERO နှင့် တိုက်ပွဲဖြစ်ပွားမှု

ERO နှင့် တိုက်ပွဲဖြစ်ပွားမှု မွန်ပြည်သစ်ပါတီ (NMSP) နှင့် ၂၀၂၀ ခုနှစ်တွင် တိုက်ပွဲ (၁) ခု ဖြစ်ပွားခဲ့ပါသည်။

ဆက်သွယ်ရန်

Facebook – https://www.facebook.com/p/KnuKnla-PC-Media-100064488230298/?locale=th_TH

Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၃– ၂၀၂၄

LEAVE A REPLY

Please enter your comment!
Please enter your name here