ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) |
စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၅ ဖေဖော်ဝါရီ ၁၉၆၁ ရုံးချုပ် – လိုင်ဇာ၊ ကချင်ပြည်နယ် လှုပ်ရှားရာ နယ်မြေ – ကချင်ပြည်နယ်တစ်ဝန်းလုံးနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများ အင်အား – ၁၂,၀ဝ၀ အထက် (တပ်မဟာ ၈ ခု) ဥက္ကဋ္ဌ – ဗိုလ်ချုပ်ကြီး အင်ဘန်လ ဒု-ဥက္ကဋ္ဌ – ဗိုလ်ချုပ်ကြီး ဂမ်ရှောင် အထွေထွေအတွင်းရေးမှူး– ကွမ်ထပ်ထိန်နန် စစ်အာဏာသိမ်းကာလအတွင်း ဓမ္မဘက်မှရပ်တည်ကြရန် KIO ဥက္ကဌအင်ဘန်လက တိုက်တွန်းခဲ့သလို KIO အနေဖြင့်လည်း ဓမ္မဘက်မှရပ်တည်ကြောင်း ပြောဆိုခဲ့ပါသည်။ KIO/KIA အနေဖြင့် CRPH ၊ NUG တို့နှင့် နားလည်မှုအပြည့်အဝဖြင့် ပူးပေါင်းဆောင်ရွက်နေသကဲ့သို့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် စစ်ရေးကဏ္ဍတွင်လည်း C3C အစုအဖွဲ့တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ကချင်လွတ်မြောက်ရေးကောင်စီ (KIC) ဒု-ဥက္ကဋ္ဌ (၁) ဒုတိယ ဗိုလ်ချုပ်ကြီးဂွမ်မော်က ဆိုပါသည်။ 1 ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၀ ရက်၊ ၄၈ နှစ်မြောက် ကချင်အာဇာနည်နေ့တွင်တော့ လက်ရှိ နွေဦးတော်လှန်ရေးသည် အာဏာသိမ်းစစ်ကောင်စီနှင့် ပြည်သူလူထုအကြား ဖြစ်ပွားနေသည့် တော်လှန်ရေးဖြစ်ပြီး KIO/KIA အမှုထမ်းများအနေဖြင့် ပြည်သူလူထုဘက်တွင် ပြတ်ပြတ်သားသား ရပ်တည်ပါဝင်နေကြောင်းနှင့် အခြားသော ERO အဖွဲ့အစည်းတချို့၊ လူပုဂ္ဂိုလ်တချို့အနေဖြင့်လည်း ကိုယ်ကျိုးအတွက်ကြည့်ကာ စစ်ကောင်စီအား နလန်ထူ ထွက်ပေါက်ရစေမည့် လှုပ်ရှားမှုများကို သတိထားကြရန် KIO ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက တိုက်တွန်းထားပါသည်။ 2 KIO/KIA သည် ERO (၇) ဖွဲ့ပါဝင်သော ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ (FPNCC) တွင်လည်း ဥက္ကဌ (၂) အဖြစ် ဦးဆောင်ပါဝင်လျက်ရှိပါသည်။ KIO/KIA ၏ ဦးဆောင်မှုနှင့်အတူ ပူးပေါင်းလှုပ်ရှားလျက်ရှိသည့် တော်လှန်ရေးအင်အားစုများကမူ ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းတွင် ကချင်ဒေသကာကွယ်ရေးတပ် (KPDF)၊ စစ်ကိုင်းတိုင်းတွင် NUG လက်အောက်ခံ PDF တပ်၊ ABSDF၊ ရှမ်းမြောက်ဒေသတွင် ULA/AA နှင့် MNDAA စသဖြင့် ဒေသအလိုက် စစ်ရေးအရပူးပေါင်းကာ စစ်ကောင်စီတပ်များအား ဖိအားပေးလျက်ရှိသည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်၊ စစ်ကိုင်းတိုင်း ကောလင်းမြို့သိမ်းတိုက်ပွဲတွင် KIO/KIA နှင့် NUG လက်အောက်ခံ PDF တပ်ရင်းများ၏ ပူးပေါင်းလှုပ်ရှားမှုကို အထင်အရှားတွေ့နိုင်သည်။ ထို့အပြင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၀ ရက်တွင် ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့၊ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွင် စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မော်လူးမြို့၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင် ရှမ်းပြည်မြောက်ပိုင်း မန်စီမြို့နယ် မဘိမ်းမြို့၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့၊ ၂၀၂၄ ခုနှစ် မတ်လ ၂၉ ရက် တွင် တရုတ် – မြန်မာနယ်စပ် လွယ်ဂျယ်မြို့၊ ၂၀၂၄ ခုနှစ် မေလ ၅ ရက်တွင် ကချင်ပြည်နယ် ဆွမ်ပရာဘွမ် စသဖြင့် မြို့ (၆) မြို့ကို KIO/KIA ဦးဆောင်သော မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက အာဏာသိမ်းစစ်အုပ်စုထံမှ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါသည်။ တဆက်တည်းတွင် NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (ERO) (၄) ဖွဲ့တို့ ပူးပေါင်းထားသည့် ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (Central Command and Coordination Committee – C3C) တွင်လည်း KIO/ KIA အနေဖြင့် ဦးဆောင်မှုအခန်းကဏ္ဍမှပါဝင်ကာ အမှတ် (၁) စစ်ဒေသဖြစ်သည့် ကချင်၊ စစ်ကိုင်း၊ ချင်း၊ ရှမ်းမြောက်၊ မကွေးနှင့် မန္တလေးဒေသများတွင် ဦးဆောင်လှုပ်ရှားလျက်ရှိပါသည်။ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်တွင် စတင်ခဲ့သည့် “ဝ၃၀၇ စစ်ဆင်ရေး” သည် KIO/KIA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ၏ စစ်ဆင်ရေးဖြစ်ပြီး ကချင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများအားလုံး ရှင်းလင်းရေးအတွက် စစ်ဆင်ရေးဖြစ်ကြောင်း KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောပါသည်။ အဆိုပါ စစ်ဆင်ရေးကာလအတွင်း မိုးမောက် – လွယ်ဂျယ် တကြောရှိ စစ်ကောင်စီတပ်အတွက် အရေးပါသော စိန်လုံတပ်စခန်း၊ ယောယုံတပ်စခန်း၊ လော့မွန် (Lawmun) တပ်စခန်း၊ လော့ဒါန် (Lawdan) တပ်စခန်း၊ ရှန်တိုင် (Sh angtai) တပ်စခန်း၊ ဖလန်း (Hpal ang Bum) တပ်စခန်း၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ စစ်ရေးအရ အလွန်အရေးပါသော စစ်ကောင်စီ၏ ဂိဒေါန် (Gi Don) တပ်စခန်း၊ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို လုံခြုံရေးအရ ခြိမ်းခြောက်နေသော ဒေါ့ဖုန်းယန်မြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခလရ (၁၄၂)၊ အင်တပ်ဘွမ် (Ntap Bum)၊ ရဟတ်ယာဉ်ကွင်းရှိရာ ရှဒါန်ပါ (Shadan Pa)၊ ဖွန်းပရန်ဘွမ် (Hpun Pyen Bum) မဆင်ကောင့် (Masen Kawng) စသည့် တပ်စခန်းများအပါအဝင် တပ်စခန်းကြီး/ငယ်ပေါင်း (၈၀) နီးပါးကို သိမ်းပိုက်နိုင်ခဲ့သည်။ 3 စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှု စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှု စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှုကို ၂၀၁၉ တွင် ၁၃ ခု၊ ၂၀၂၀ တွင် ၇ ခုသာ တွေ့ရှိခဲ့ရသော်လည်း ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၉ ရက်အထိ စစ်ကောင်စီတပ်နှင့် KIO/KIA ဦးဆောင်သော မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားမှုသည် (၆၀၂) ခုအထိ တွေ့ရှိခဲ့ရပါသည်။ ERO နှင့် တိုက်ပွဲဖြစ်ပွားမှု ရှမ်းနီတပ် (SNA) နှင့် ၂၀၂၂ ခုနှစ်တွင် တိုက်ပွဲ (၁) ခု၊ ၂၀၂၃ ခုနှစ်တွင် တိုက်ပွဲ (၁) ခု ဖြစ်ပွားခဲ့သည်။ 1 စစ်ကောင်စီတပ်ဖွဲ့တွေ ရေရှည်ရပ်တည်ဖို့ ခက်ခဲလာနေကြောင်း ဒု-ဗိုလ်ချုပ်ကြီးဂွမ်မော် ပြောကြား ဆက်သွယ်ရန် Website – http://kachinnet.net Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၃– ၂၀၂၄ |