မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုလုံး၏ သမိုင်းဝင်အခြေခံအုတ်မြစ်အဖြစ် မှတ်တမ်းပြုထားခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) ကို ဦးသိန်းစိန်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈) ဖွဲ့အကြား ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။
အခန်း (၇) နှင့် အပိုဒ် (၃၃) ပိုဒ်ပါသော NCA အတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၇) ဖွဲ့အကြား (၁၇) လကြာ ဆွေးနွေးညှိုနှိုင်းခဲ့ရပြီး အမှန်တကယ် လက်မှတ်ရေးထိုးကြချိန်တွင်တော့ အဖွဲ့ (၈) ဖွဲ့ကသာ လက်မှတ်ရေးထိုးခဲ့သည့်အတွက် NCA အစား 8-CA ဟု ဝေဖန်ခဲ့သူများပင်ရှိခဲ့သည်။ စစ်ရေး၊ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူများ၏ အဆိုအရ NCA တွင် ပါဝင်လက်မှတ်ရေးထိုးကြသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈) ဖွဲ့၏ တပ်အင်အားသည် မြန်မာပြည်တွင်းရှိ အမှန်တကယ် လက်နက်ကိုင်အဖွဲ့အစည်းအားလုံး၏ (၂၀) ရာခိုင်နှုန်းခန့်သာရှိနိုင်ကြောင်း တွက်ဆကြပါသည်။
ဆက်လက်ဖတ်ရှုရန်>>>