အကျဉ်းချုပ်
- ထုတ်လုပ်သူ – နိုင်ငံတကာမြန်မာ့သတင်း(BNI) – မြန်မာ့ငြိမ်းရေးစောင့်ကြည့်ရေးအဖွဲ့ (MPM)
- ရည်ရွယ်ချက် – မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF/LDF) များ၏ စစ်ရေးလှုပ်ရှားရာနယ်မြေ၊ စစ်ကောင်စီတပ်နှင့် PDF/LDF အကြား တိုက်ပွဲဖြစ်ပွားမှုနှင့် တိုက်ပွဲအတွင်း သေဆုံးမှုများအပါအဝင် PDF/LDF တပ်ဖွဲ့များ၏ နာမည်များအား အကျဉ်းချုပ်အချက်အလက်များပေးရန် ရည်ရွယ်သည်။
- အချက်အလက်မှတ်တမ်းတင်မှုကာလ – ၁ ဖေဖော်ဝါရီ ၂၀၂၁ မှ ယနေ့အထိ။
အချက်အလက်စုဆောင်းခြင်းနှင့် နည်းနာ
ရင်းမြစ် – BNI- မြန်မာ့ငြိမ်းရေးစောင့်ကြည့်ရေးအဖွဲ့ (MPM)
နည်းနာ
- PDF/LDF အရေအတွက် – အချက်အလက်များကို ပြည်တွင်းပြည်ပသတင်းဌာနများအပါအဝင် BNI နှင့် ဆက်စပ်သော မီဒီယာအဖွဲ့အစည်း ၁၅ ခုမှ ရယူစုဆောင်းထားသည်။
တိုက်ပွဲဖြစ်ပွားမှု – နေ့စဉ်သတင်းများကိုအခြေခံ၍ တိုက်ပွဲများကို မြို့နယ်အလိုက် တစ်ရက်လျှင်
ဖြစ်စဉ်တစ်ခုအဖြစ် မှတ်တမ်းတင်ထားသည်။ မြို့နယ်အလိုက် တစ်ရက်လျှင် ဖြစ်စဉ်တခုအဖြစ်သာ မှတ်တမ်းတင်ထားသည့်အတွက် အကြိမ်ရေအားဖြင့်မူ ယခုထက်ပိုမိုများပြားနိုင်ပါသည်။
တိုက်ပွဲအတွင်းသေဆုံးမှုများ
- စစ်ကောင်စီတပ်သားသေဆုံးမှု – တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား၊ ရဲ၊ ပျူစောထီးအဖွဲ့ဝင်များ နှင့် နယ်ခြားစောင့်တပ် (BGF) အဖွဲ့ဝင်များ သေဆုံးမှု အရေအတွက်ကို ဖော်ပြထားသည်။
- PDF/LDF တပ်ဖွဲ့ဝင်သေဆုံးမှု – တိုက်ပွဲအတွင်း PDF/LDF အဖွဲ့ဝင်များ သေဆုံးမှု အရေအတွက်ကို ဖော်ပြထားသည်။
- အရပ်သားသေဆုံးမှု – တိုက်ပွဲအတွင်း လက်နက်မဲ့အရပ်သားများ သေဆုံးမှု အရေအတွက်ကို ဖော်ပြထားသည်။
အဓိကကိန်းဂဏန်းများ
- PDF/LDF တပ်ဖွဲ့အရေအတွက် – မြန်မာနိုင်ငံအတွင်း မြို့နယ်အသီးသီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စုစုပေါင်းအရေအတွက်ကို ဖော်ပြထားသည်။
- စစ်ကောင်စီတပ်နှင့် PDF/LDF အကြား တိုက်ပွဲဖြစ်ပွားမှု စုစုပေါင်း – စစ်ကောင်စီတပ် နှင့် PDF/LDF အကြား တိုက်ပွဲဖြစ်ပွားမှုအရေအတွက်ကို ဖော်ပြထားသည်။
- တိုက်ပွဲအတွင်းသေဆုံးမှုစုစုပေါင်း – စစ်ကောင်စီတပ်သားသေဆုံးမှု၊ PDF/LDF တပ်ဖွဲ့ဝင်သေဆုံးမှုနှင့် အရပ်သားသေဆုံးမှု အပါအဝင် မှတ်တမ်းပြုစုထားသော သေဆုံးမှုစုစုပေါင်းအရေအတွက်ကို ဖော်ပြထားသည်။
ပုံဖြင့်ဖော်ပြမှုများ
စာမျက်နှာ (၁) – PDF စာရင်း
၁။ PDF/LDF ပျံ့နှံ့မှုပြမြေပုံ – မြန်မာနိုင်ငံအတွင်း PDF/LDF များ ဒေသအလိုက်ပျံ့နှံ့မှုကို ဖော်ပြထားသည်။
၂။ တိုင်းနှင့် ပြည်နယ်အလိုက် PDF/LDF အဖွဲ့အရေအတွက် – တိုင်းနှင့် ပြည်နယ်အလိုက် PDF/LDF တပ်ဖွဲ့အရေအတွက် ခွဲခြားဖော်ပြထားသည်။
စာမျက်နှာ (၂) – တိုက်ပွဲဖြစ်ပွားမှု
၁။ တိုက်ပွဲဖြစ်ပွားမှုပြမြေပုံ – စစ်ကောင်စီတပ်နှင့် PDF/LDF အကြား ဒေသအလိုက် တိုက်ပွဲဖြစ်ပွားမှုဖြစ်စဉ်များကို ဖော်ပြထားသည်။
၂။ မြို့နယ်အလိုက် စစ်ကောင်စီတပ်နှင့် PDF/LDF အကြား တိုက်ပွဲဖြစ်ပွားမှုများ – မြို့နယ်အလိုက် တိုက်ပွဲဖြစ်ပွားမှုဖြစ်စဉ်များကို အသေးစိတ် ဖော်ပြထားသည်။
စာမျက်နှာ (၃) – တိုက်ပွဲအတွင်းသေဆုံးမှု
၁။ သေဆုံးမှုအကျဉ်းချုပ် – တိုက်ပွဲအတွင်းသေဆုံးမှုအရေအတွက် စုစုပေါင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်သေဆုံးမှု၊ PDF/LDF တပ်ဖွဲ့ဝင်သေဆုံးမှုနှင့် အရပ်သားသေဆုံးမှုဟု ခွဲခြားထားသည်။
၂။ ဒေသအလိုက် သေဆုံးမှု – သေဆုံးမှုအရေအတွက်ကို ဒေသအလိုက် ဖော်ပြထားသည်။
၃။ သေဆုံးမှုပြ လစဉ်အချိန်ဇယား – စုစုပေါင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်သေဆုံးမှု၊ PDF/LDF တပ်ဖွဲ့ဝင်သေဆုံးမှုနှင့် အရပ်သားသေဆုံးမှုများကို လအလိုက် ခွဲခြမ်းဖော်ပြထားသည်။
အပ်ဒိတ်ပြုလုပ်မှု
- ကြိမ်နှုန်း – နောက်ဆုံးရအချက်အလက်များပေးနိုင်ရန် အချက်အလက်များကို အပတ်စဉ် ပြန်လည်ဖြည့်စွက်သည်။
ဆက်သွယ်ရန်
- အီးမေးလ် – [email protected]