22 January 2025 /

See today's Peace Related News

ချင်းမိုင် အပစ်ရပ်အဖွဲ့ထိပ်သီး ဆွေးနွေးပွဲ ပိတ်ပင်တားမြစ်မှု မဖြစ်သင့်ဟု KNUပြောပြီ

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဇွန်လ ၈မှ ၉ ရက်နေ့အထိကျင်းပရန် စီစဉ်ထားသည့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၁၀) ဖွဲ့၏ ထိပ်သီးအစည်းအဝေးပွဲကို မြန်မာ့တပ်မတော်ဘက်က ပိတ်ပင်တားမြစ်ခြင်းသည် မဖြစ်သင့်သည့် ကိစ္စဖြစ်ကြောင်း KNU-ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ကေအိုင်စီသို့ ယ နေ့ ပြောသည်။

“ကျနော်တို့လည်း အံ့သြသွားတာပေါ့။ လက်မှတ်ထိုးတဲ့အဖွဲ့အစည်းအဝေးပွဲနဲ့ပတ်သက်လို့ အစည်းအဝေးလုပ်တာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ လက်မှတ်မထိုးတဲ့လူပါလို့ဆိုတဲ့ဟာတော့ လက်မှတ်မထိုးတဲ့သူတွေလည်း တပ်မတော်၊ အစိုးရ ဘက်က NCA လက်မှတ်ထိုးဖို့ ညှိနှိုင်းဆောင်ရွက်တာလည်းရှိတယ်လေ။ ဒါပေမဲ့ ကျနော်တို့ EAO တွေ ဘက်ကလည်း ကျနော်တို့ရဲ့ အသိတရားနဲ့ ကျနော်တို့ရဲ့ တာဝန်ခံမှုအပေါ်မှာ မူတည်ပြီးတော့ ထိုးတဲ့အဖွဲ့နဲ့ မထိုးတဲ့အဖွဲ့ကြားမှာ ညှိနှိုင်းတိုင်ပင်မှုကရှိကို ရှိရမယ်လေ။ မရှိလို့လည်း ခုတဲ့ထိ ကြာညောင်းနေပြီးတော့
အဖြေကို မရောက်တာဖြစ်တာပေါ့။ ကျနော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အနုတ်သဘောဆောင်တဲ့လက္ခဏာမျိုး မြင်တဲ့ကိစ္စကတော့ ဒါကတော့ မဖြစ်သင့်တဲ့ကိစ္စ တစ်ခုဖြစ်တာပေါ့” ဟု ပဒိုစောတာဒိုမူးက ပြောသည်။

အပစ်ရပ် (၁၀)ဖွဲ့မှ ကိုယ်စားလှယ်တစ်ဦးစီပါဝင်သည့် ၎င်းထိပ်သီးအစည်းအဝေးပွဲကို ပြုလုပ်ရန် စီစဉ်နေသည့် အချိန်တွင် မြန်မာသံရုံးမှ အစည်းအဝေးပွဲကို တားမြစ်ပေးရန်အကြောင်းကြားလာသည့်အပေါ် ထိုင်းအာဏာပိုင်များမှ သွားရောက်ပိတ် ပင်တားမြစ်ခဲ့ခြင်းကြောင့် အစည်းအဝေးပွဲပျက်ပြယ်သွားခဲ့ခြင်းဖြစ်သည်ဟု ပဒိုစောတာဒိုမူးက ဆက်ပြောသည်။

၎င်းပြုလုပ်မည့် ထိပ်သီးအစည်းအဝေးပွဲတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ -PPST ၏ စုဖွဲ့မှု ရှေ့လုပ် ငန်းစဉ်များအပြင် NCA  လက်မှတ်ထိုးအဖွဲ့များနှင့် မထိုးရသေးသည့်အဖွဲ့များ ပါဝင်နိုင်မည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတိုင်ပင်ခံအစည်းအဝေး-PPCM စုဖွဲ့မှုပုံစံ အသစ်ပြုလုပ်ရန်သင့်၊ မသင့်တို့ကို ဆွေးနွေးကြမည့်ဟု သိရသည်။

အင်တာနက် စာမျက်နှာပေါ်တွင် ပျံ့နှံ့နေသည့် မြန်မာသံရုံး စစ်သံမှူး ဗိုလ်မှူးချုပ် ခင်ဇော်မှ ထိုင်းတပ်မတော် ထောက်လှမ်း ရေး ညွှန်ကြားရေးမှူးရုံး နိုင်ငံခြားဆက်ဆံရေးဌာနခွဲ ဒါရိုက်တာ ဗိုလ်မှူးကြီး Pattana Punmongkol သို့ ဇွန်လ ၇ ရက်နေ့စွဲ ဖြင့်ပေးပို့သည့်စာအရ အစည်းအဝေးပွဲကို NCA အပစ်ရပ် (၁၀)ဖွဲ့မှ ကိုယ်စားလှယ်များအပြင် အပစ်ရပ်လက်မှတ်မရေးထိုး ရသေးသည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)စသည့် အဖွဲ့အစည်းမှ ကိုယ်စားလှယ်များလည်း ပါဝင်မည့်အပေါ် လက်ရှိ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား အကောင်အထည်ဖော်နေဆဲ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်စေသောကြောင့် တားမြစ်ခိုင်းလိုက်ခြင်းဖြစ်ကြောင်း ရေးသား ထားသည်။

ဆွေးနွေးပွဲပျက်ပြယ်သွားသည့်အပေါ် သက်ဆိုင်ရာ ခေါင်းဆောင်များမှ ဖြေရှင်းသွားရန်ရှိပြီး ထိုကဲ့သို့ တားမြစ် ပိတ်ပင်မှု များရှိနေသော်လည်း ချမှတ်ထားသည့် အစီအစဉ်များအတိုင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများအကြား PPCM စုဖွဲ့မှုဆိုင်ရာ ညှိနှိုင်းမှုဆွေးနွေးပွဲကို ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း ကေအဲန်ယူ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ပြောသည်။

ထို့အတူ ပြီးခဲ့သည့် NCA-S EAO ထိပ်သီးခေါင်းဆောင်များ၏ အစည်းအဝေးပွဲကို ယခင်လ မေလ ၁၄ရက်မှ ၁၈ရက်နေ့အ ထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပထမပိုင်းအနေဖြင့် ပြုလုပ်ခဲ့သေးပြီး ၎င်းအစည်းအဝေးပွဲ၌ KNU ဘက်မှ PPST အစား PPCM စုဖွဲ့မှုပုံစံအသစ်ကို ပြောင်းလဲရန် အဆိုတင်သွင်းခဲ့သည်။ ၎င်းအဆိုတင်သွင်းမှုအပေါ် အခြားသော တိုင်းရင်းသား ခေါင်းဆောင်အချို့မှ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ကို ပျက်ပြားစေနိုင်ကြောင်းလည်း ထုတ်ဖော်ပြောဆိုမှုများရှိခဲ့သည်။

Four Mon resistance forces to launch military operations under ‘Ramanya Joint Column’

Mon resistance forces announced on 19 January that they will conduct military operations under the ‘Ramanya Joint Column’, a unified force comprising the Mon...

CDF-Asho captures 12 junta soldiers fleeing from Ann

Twelve junta soldiers who had fled from Ann town in Arakan State were captured within two days, said Salai Rochin, an official of Chinland...

Junta’s bombing of IDP camp in Demoso kills three civilians

Three civilians were killed and four others wounded in aerial bombings carried out by the military council on a displacement camp in the eastern...