ပြည်သူ့စိတ်နှလုံး သိမ်းကျုံးပူပန်စေသည့် စစ်မှုထမ်းဥပဒေ အလုပ်ဖြစ်၊ မဖြစ်
ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်ကြောင်း ကြေညာသည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှစပြီး မြန်မာပြည်သူလူထု၏ စိတ်နှလုံးသည် နေ့စဉ်နှင့်အမျှ စိုးရိမ်ပူပန်နေကြရသည်ကို တွေ့ရသည်။ တချို့က နိုင်ငံရပ်ခြား၊ တချို့က အာဏာသိမ်းစစ်အုပ်စု ထိန်းချုပ်မှုကင်းလွတ်ရာ လွတ်မြောက်နယ်မြေများ၊ တချို့က အာဏာသိမ်းစစ်အုပ်စုအား ခုခံတော်လှန်ကြသည့် မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF/LDF) များထံ ထွက်ပြေးတိမ်းရှောင်ကြရန် ပြင်ဆင်လာကြသည်။
၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ပြည်သူ့စစ်မှုထမ်းဥပဒေတွင် အကျုံးဝင်နိုင်သည့် လူဦးရေ ၁၄ သန်းနီးပါး(အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း) ရှိသည်ဟု ဆိုထားသည့်တိုင် အဆိုပါ ကိန်းဂဏန်းများသည် မြန်မာနိုင်ငံအတွင်း အမှန်တကယ်ရှိနိုင်ပါသလား၊ ဆိုခဲ့ပါ ကိန်းဂဏန်းများသည်ပင် အာဏာသိမ်းစစ်အုပ်စုထံတွင် “နိုင်ငံတော်ကာကွယ်ရေးအတွက်” ဟု ဆိုကာ ဂုဏ်ယူဝံ့ကြွားစွာဖြင့် စစ်မှုထမ်းကြမည်ဟု ယုံကြည်ရပါသလား။ ထိုတင်မက စစ်အာဏာသိမ်းမှုအား နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်တော်လှန်နေကြသော နွေဦးတော်လှန်ရေးအင်အားစုများထဲတွင် ဆိုခဲ့ပါကိန်းဂဏန်းများထဲမှ မည်မျှ ပါဝင်နေပါသနည်း။
ယခုတပတ် BNI-Myanmar Peace Monitor ၏ နှစ်ပတ်တကြိမ်ထုတ် သတင်းသုံးသပ်ချက်တွင် အာဏာသိမ်း စစ်အုပ်စု၏ နောက်ဆုံးကောက်ရိုးတမျှင်ကဲ့သို့ စွဲကိုင်အသုံးပြုလာသော “ပြည်သူ့စစ်မှုထမ်းဥပဒေ” အာဏာတည်စေခြင်းသည် ပြည်သူ့စိတ်နှလုံးကို သိမ်းကျုံးပူပန်စေခဲ့သည့်တိုင် မည်မျှအလုပ်ဖြစ်၊ မဖြစ် ဆိုသည်ကို အချက်အလက်၊ အဖြစ်အပျက်ကို အခြေပြုကာ လေ့လာတင်ပြသွားပါမည်။
ဆက်လက်ဖတ်ရှုရန်>>>