ရကိုင့်အမျိုးသားအဖွဲ့ချုပ်

0
1563

ရကိုင့်အမျိုးသားအဖွဲ့ချုပ် – ULA/AA

စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၁၀ ဧပြီ ၂၀ဝ၉ ရုံးချုပ် – KIO ထိန်းချုပ်နယ်မြေ၊ ကချင်ပြည်နယ်

လှုပ်ရှားရာ နယ်မြေ – ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ချင်းပြည်နယ် ပလက်ဝနှင့် ရခိုင်ပြည်နယ်တစ်ဝန်းလုံး

အင်အား – ၃၀ဝ၀ဝ အထက်

စစ်ဦးစီးချုပ် – ဗိုလ်ချုပ်ထွန်းမြတ်နိုင်

ဒု-စစ်ဦးစီးချုပ် – ဒေါက်တာညိုထွန်းအောင်

အတွင်းရေးမှူး – ၁ – ဗိုလ်မှူးကြီး ကျော်ဟန်

၂၀၁၁ ခုနှစ် နောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့်အတူ ပူးပေါင်းကာ တပ်မတော်နှင့် တိုက်ပွဲများ စတင်ဖြစ်ပွားလာခဲ့သည့် ULA/AA သည် KIO/KIA ၊ PSLF/TNLA၊ MNDAA တို့နှင့် မဟာမိတ်ဆက်ဆံရေး ရှိသကဲ့သို့ ဦးသိန်းစိန်အစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွင်း UNFC အဖွဲ့ဝင်အနေဖြင့် လိုက်ပါဆောင်ရွက်ခဲ့သော်လည်း NCA လက်မှတ်ရေးထိုးချိန်တွင် တော့ ဦးသိန်းစိန်အစိုးရ၏ ဖယ်ကြဉ်ခြင်းကို ခံခဲ့ရပါသည်။ တစ်ဖက်တွင်လည်း ULA/AA နှင့် တပ်မတော်အကြား တိုက်ပွဲဖြစ်ပွားမှုများသည်လည်း ဆက်လက်ဖြစ်ပွားလာခဲ့ပြီး ၂၀၁၉ ၊ ၂၀၂၀ ခုနှစ်များအတွင်း ULA/AAနှင့် တပ်မတော်အကြား တိုက်ပွဲဖြစ်ပွားမှုသည် အပြင်းထန်ဆုံးအခြေအနေအထိ ရောက်ရှိခဲ့ကာ စစ်ဖြစ်ပွားရာနယ်မြေသည်လည်း ကချင်ပြည်နယ်၊ ရှမ်းမြောက်ဒေသနှင့် ရခိုင်ပြည်နယ်တစ်ဝန်းလုံးအပြင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အထိပါ ကျယ်ပြန့်ပြင်းထန်ခဲ့ပါ သည်။

UWSA ဦးဆောင်သည့် FPNCC တွင် အဖွဲ့ဝင်အဖြစ်ပါဝင်ကာ အစိုးရ၊ တပ်မတော်တို့နှင့် ထိတွေ့ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း တိုက်ပွဲများ လျော့ကျသွားခြင်းမရှိဘဲ နှစ်ဖက်အပစ်ရပ်ရေး ကြန့်ကြာနေသကဲ့သို့ တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားနေခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပချိန်အထိပင် လုံခြုံရေးအရ အာမခံချက်မရှိသည့်အတွက် ရခိုင်ပြည်နယ်အတွင်းမှ မဲဆန္ဒနယ်အချို့ကို ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိခဲ့သည်ကို တွေ့ရသည်။ သို့နှင့်တိုင် ရွေးကောက်ပွဲအလွန်ကာလတွင်တော့ ULA/AA နှင့် တပ်မတော်အကြား ရုတ်တရက် တိုက်ပွဲများ ရပ်တန့်သွားခဲ့ပြီး ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် မဲဆန္ဒနယ်များအား ရွေးကောက်ပွဲပြန်လည် ကျင်းပ‌ပေးရေးနှင့် ပတ်သက်ပြီး ပြောဆိုမှုများ ရှိလာသည်ကို တွေ့ရပါသည်။ ULA/AA နှင့် တပ်မတော်အကြား နားလည်မှုဖြင့် အပစ်ရပ်ထားသည်ဟုလည်း သိရပါသည်။

စစ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်နှင့် ULA/AA အကြား တိုက်ပွဲဖြစ်ပွားမှုအချို့ ပြန်လည်မြင်တွေ့ လာရပြီး ရခိုင်ပြည်နယ်အတွင်း နယ်မြေစိုးမိုးအုပ်ချုပ်ရေးအတွက် စစ်ကောင်စီနှင့် ULA/AA အကြား အားပြိုင်မှုများ ရှိနေပါသည်။ ၂၀၂၁ ဒီဇင်ဘာလ ၁၅ ရက်က ရှမ်းပြည်နယ် အရှေ့ ပိုင်း NDAA အုပ်ချုပ်သော မိုင်းလားမြို့တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များနှင့် စစ်ကောင်စီ၏ ကိုယ်စားလှယ်များအကြား ပြုလုပ်သည့် အလွတ်သဘော တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်ကို တွေ့ရပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပူးပေါင်းဆောင်ရွက်ရေး ဖိတ်ခေါ်ခြင်းကို ခံထားရပါသည်။

အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်
အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခြင်းမရှိသေးသည့် EAO တိုက်ပွဲဖြစ်ပွားမှု
၂၀၁၅ – ၅ ကြိမ်နှင့်အထက်
၂၀၁၆ – ၁၀ ကြိမ်နှင့်အထက်
၂၀၁၉ – ၁၉၂ ကြိမ်
၂၀၂၀ – ၁၀၄ ကြိမ်
၂၀၂၁ – ၅ ကြိမ်
၂၀၂၂ (မတ်) –

တရားဝင်ကိုယ်စားလှယ်အဖွဲ့
ဗိုလ်မှူးကျော်ဟန်
ပြောခွင့်ရပုဂ္ဂိုလ် – ခိုင်သုခ

ဆက်ဆံရေးရုံးများ
မရှိ

မဟာမိတ်အဖွဲ့များ
FPNCC နှင့် မြန်မာပြည်မြောက်ပိုင်းမဟာမိတ်အဖွဲ့

ဆက်သွယ်ရန်
ဝက်ဘ်ဆိုက် – http://thearakanarmy.com/
အီးမေးလ် – [email protected]

Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၁ – ၂၀၂၂

LEAVE A REPLY

Please enter your comment!
Please enter your name here