29 မတ် 2024 /

See today's Peace Related News

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ – ALP/ALA

စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၉ ဧပြီ ၁၉၆၇ (ပထမအကြိမ်)၊ ၁ ဇွန် ၁၉၇၄ (ဒုတိယအကြိမ်)

ရုံးချုပ် – အိန္ဒိယ-မြန်မာ နယ်စပ်

လှုပ်ရှားရာနယ်မြေ – ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ကရင်ပြည်နယ်

အင်အား – ၁၀ဝ ခန့်

ဥက္ကဋ္ဌ – ခိုင်ရဲခိုင်

စစ်ဦးစီးချုပ် – ဗိုလ်မှူးချုပ် ခိုင်မင်းစိုး

အထွေထွေအတွင်းရေးမှူး – ခိုင်ကျော်ခိုင်

စစ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးမှု တချို့ရှိခဲ့သကဲ့သို့ စစ်ကောင်စီမှ ဦးဆောင်ကျင်းပသည့် NCA (၆) နှစ်ပြည့်အခမ်းအနားအပါအဝင် ပြည်ထောင်စုနေ့အခမ်းအနား စသည်တို့တွင် ALP ၏ ဒုတိယဥက္ကဌဖြစ်သူ ဒေါ်စောမြရာဇာလင်းက ဦးဆောင်တက်ရောက်ခဲ့သည်ကို တွေ့ရပါသည်။

၂၀၂၃ ခုနှစ် မတ်လ ၅ ရက်တွင်တော့ “သွားလိုသည့်လမ်းကြောင်း မတူညီမှု” ဟု ဆိုကာ ဒု-ဥက္ကဌဖြစ်သူ ဒေါ်စောမြရာဇာလင်းက ရခိုင်ပြည်လွတ်မြောက်ရေးပါတီကို ပြန်လည်ဖွဲ့စည်းကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အဆိုပါအဖွဲ့အသစ်တွင် သူမကိုယ်တိုင် ဥက္ကဌအဖြစ် တာဝန်ယူထားပြီး ဒု-ဥက္ကဌအဖြစ် ခိုင်နီရောင်နှင့် အတွင်းရေးမှူးအဖွဲ့အဖြစ် ဦးအောင်လွင်၊ ဗိုလ်မှူး ခိုင်သူရိန်၊ ဗိုလ်မှူးခိုင်လှမြင့်နှင့် ဗိုလ်မှူး စောစုန္ဒီအောင်တို့ကို တာဝန်ပေးထားသည်။

၂၀၂၃ ခုနှစ် မတ်လ ၂၀ ရက်တွင်တော့ ဒေါ်စောမြရာဇာလင်း၏ ပါတီပြန်လည်ဖွဲ့စည်းခြင်းသည် တရားဝင်မှုမရှိကြောင်း မူလ ALP ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ခိုင်ကျော်ခိုင်က ကြေညာချက်ထုတ်ပြန် ရှင်းလင်းခဲ့သည်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့က ALP/ALA ၏ ဒုတိယစစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်မှူးချုပ်ခိုင်မင်းစိုးနှင့် စစ်သည်နှစ်ဦးအား စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည့်ဖြစ်ရပ်အား စုံစမ်းစစ်ဆေးရန်အတွက် ဒေါ်စောမြရာဇာလင်း၏ တာဝန်များဖြစ်သော နိုင်ငံရေးဆွေးနွေးရေးကော်မတီ ခေါင်းဆောင်တာဝန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တာဝန်တို့အား ယာယီရပ်စဲထားမှုကို မနာခံဘဲ “ပါတီကို ပြန်လည်ဖွဲ့စည်းခြင်း” ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။ ထို့ကြောင့် ဒေါ်စောမြရာဇာလင်းသည် ALP ပါတီနှင့် လုံးဝသက်ဆိုင်ခြင်း မရှိတော့ကြောင်း ALP အထွေထွေအတွင်းရေးမှူး ခိုင်ကျော်ခိုင်၏ ရှင်းလင်းချက်တွင် ဖော်ပြထားသည်။

၂၀၂၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့၊ စစ်တွေတက္ကသိုလ်ကျောင်းရှေ့တွင် ဒေါ်စောမြရာဇာလင်း ဦးဆောင်သောအဖွဲ့မှ ဒု-ဥက္ကဌ ခိုင်နီရောင်၊ အမှတ် (၁၀၁) တပ်ရင်းမှ တပ်ရင်းမှူးခိုင်ကျော်မင်းနှင့် တပ်သားကျော်ကျော်နိုင်တို့ (၃) ဦး သေနတ်ပစ်ခတ်ခံရသဖြင့် သေဆုံးခဲ့သည်။ သေနတ်ဖြင့် ပစ်ခတ်သွားသူများကို ဖော်ထုတ်နိုင်ခြင်းမရှိသေးဟု ဆိုရ ပါမည်။

လက်ရှိ ALP/ALA အဖွဲ့အတွင်း ကိစ္စရပ်များသည် ရှုတ်ထွေးနေဆဲအခြေအနေ ဖြစ်ပါသည်။ ဒု-ဥက္ကဌဟောင်းဖြစ်သူ ဒေါ်စောမြရာဇာလင်းသည်လည်း PPST အတွင်း ALP အနေဖြင့် ပါဝင်နေ ဆဲဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီနှင့် သွားရောက်တွေ့ဆုံ ဆွေးနွေးမှုများ ဆက်လက်ပြုလျက် ရှိ သည်ကို တွေ့ရပါသည်။ တဆက်တည်းတွင် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ဖွဲ့စည်းမှုအား ဂုဏ်ပြုကြိုဆိုကြောင်း သဝဏ်လွှာပေးပို့ခဲ့သည့် မူလ ALP/ ALA ၏ အခန်းကဏ္ဍနှင့် လှုပ်ရှားမှုများကိုလည်း စောင့်ကြည့်ရဦးမည်ဖြစ်သည်။

အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်
ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး – ဧပြီလ ၅ ရက်၊ ၂၀၁၂

ငြိမ်းချမ်းရေးဆွေးနွေးမှုများ
NCA လက်မှတ်ထိုးရက် – ၁၅ အောက်တိုဘာ၊ ၂၀၁၅

တရားဝင်ကိုယ်စားလှယ်အဖွဲ့
ဒေါ်စောမြရာဇာလင်း (UPDJC)

လက်နက်တပ်ဖွဲ့
ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA)

စစ်ရေး
ကာကွယ်ရေးဦးစီးချုပ် – ခိုင်ရဲခိုင်
ဒုတိယဗိုလ်မှူးကြီး – ခိုင်စိုးနိုင်
ဗိုလ်မှူး ခိုင်မျိုးဝင်း
ဗိုလ်မှူး ခိုင်ဘုန်းမြင့်ဇော် (ရမ္မာဝတီတပ်ရင်းမှူး)
ဗိုလ်မှူး ခိုင်နေမင်း (ရမ္မာဝတီ ဒု-တပ်ရင်းမှူး)
ဒေါ်စောမြရာဇာလင်းသည် NCCT အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သည်။

ဆက်ဆံရေးရုံးများ
(၁) ကျောက်တော် (ရခိုင်ပြည်နယ်) – အောက်တိုဘာလ ၃ ရက်၊ ၂၀၁၂
(၂) ပလက်ဝ (ချင်းပြည်နယ်) – လျှောက်ထားဆဲ

ဆက်သွယ်ရန်
ဝက်ဘ်ဆိုက် – http://www.arakanalp.com/
အီးမေးလ် – [email protected]
ဖုန်း – +၉၅၉၄၂၅၀၁၈၁၅၄

Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၂ – ၂၀၂၃

Karen National Union (KNU)

Arakan National Council (ANC/AA)

All Burma Students’ Democratic Front (ABSDF)

Chin National Front (CNF/CNA)

Arakan Liberation Party/Army (ALP/ALA)

Democratic Karen Benevolent Army (DKBA)

Kachin Independence Army (KIO/KIA)

Karenni National Progressive Party (KNPP/KA)

Kuki National Organization (Burma)

Lahu Democratic Union (LDU)

Myanmar National Democratic Alliance Army (MNDAA)

National Democratic Alliance Army-Eastern Shan State (NDAA-ESS)

New Mon State Party (NMSP)

National Socialist Council of Nagaland-Khaplang (NSCN-K)

Pa-Oh National Liberation Organization (PNLO)

The Palaung State Liberation Front (PSLF/TNLA)

The Restoration Council of Shan State (RCSS/SSA – South)

Shan State Progress Party/Shan State Army (SSPP/SSA – North)

United League of Arakan/Arakan Army (ULA/AA)

UWSP/UWSA