20 ဧပြီ 2024 /

See today's Peace Related News

ပုလောတိုက်ပွဲမှာ နှစ်ဖက် ထိခိုက်ကျဆုံးတာတွေ ရှိနေ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကဗျာကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်ကအပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော်တွေလည်း ထိခိုက်ကျဆုံးတာတွေ ရှိခဲ့တယ်လို့ မြိတ်ခရိုင် တပ်ရင်း (၁) က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၂ ရက်နေ့က ကဗျာကျေးရွာထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် မြိတ်ခရိုင်တပ်ရင်း (၁) နဲ့ မဟာမိတ်ပူးပေါင်းတပ်တို့ကြား နှစ်ဖက်ထိတွေ့ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲအပြီးမှာ မြိတ်ခရိုင်တပ်ရင်း (၁) PDF ရဲဘော် ၃ ဦးနဲ့မဟာမိတ်ပူးပေါင်းအဖွဲ့မှ PDF ရဲဘော် ၂ ဦး စုစုပေါင်း ၅ ဦးကျဆုံးပြီး စစ်ကောင်စီဘက်က အရာရှိတစ်ဦး အပါအဝင် ၃ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲကြောင့် လက်ပံပြင်၊ ကဗျာကျေးရွာနဲ့အနီးဝန်းကျင်က ဒေသခံ ၄၀၀ ထက်မနည်း ထွက်ပြေးခဲ့ရပြီး ဘေးလွတ်ရာနေရာတွေမှာ ပုန်းခိုနေထိုင်နေရတာ ဖြစ်ပါတယ်။

နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားပြီးနောက် မတ် ၁၅ ရက်နေ့အထိ စစ်ကောင်စီတပ်တွေ ပြန်လည်ထွက်ခွာသွားတာမရှိသေးဘဲ စစ်ကြောင်းထိုးနေသေးတာကြောင့် နှစ်ဖက် စစ်ရေးတင်းမာနေတယ်လို့ ဆိုပါတယ်။

ပုလောမြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာပြီး စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေလို့ တိုက်ပွဲတွေ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေသလို နှစ်ဖက်ထိခိုက်သေဆုံးတာတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

More News