ကရင်အမျိုးသားအစည်းအရုံး

0
1277

ကရင်အမျိုးသားအစည်းအရုံး – KNU

စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၅ ဖေဖော်ဝါရီ ၁၉၄၇

ရုံးချုပ် – ရွေ့လျား

ရုံးခွဲများ – အမေရိကန်နှင့် သြစတြေးလျ

လှုပ်ရှားရာ နယ်မြေ – မွန်ပြည်နယ် သထုံ၊ ဘီးလင်း၊ ကျိုက်ထိုမြို့နယ်များ၊ ပဲခူးတိုင်း ကျောက်ကြီး၊ ရွှေကျင်၊ မုန်းမြို့နယ်များ၊ တနင်္သာရီတိုင်း မြိတ်၊ ထားဝယ်မြို့နယ်များနှင့် ကရင်ပြည်နယ် တစ်ဝန်းလုံး

အင်အား – ၁၀ဝ၀ဝ အထက်

ဥက္ကဋ္ဌ – ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး

ဒု-ဥက္ကဋ္ဌ – ပဒိုစောကွယ်ထူးဝင်း

အထွေထွေအတွင်းရေးမှူး – ပဒိုစောတာဒိုမူး

၂၀၁၂ ခုနှစ် ဇန်နဝါရီလနှင့် ဧပြီလများအတွင်း ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ် အခတ်ရပ်စဲရေး သဘောတူလက်မှတ်ထိုးခဲ့သည့် KNU သည် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက် တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုး ခဲ့ပြီး အခြားသော NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၁၀ ဖွဲ့အား ဦး‌ဆောင်မှုအခန်းကဏ္ဍမှ ပါဝင်ကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်လျှောက်တွင် ဆောင်ရွက်ခဲ့ပါသည်။

သို့သော် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ရင်ဆိုင်ကြုံတွေ့နေရသည့် တစ်ဆို့မှုများ၊ စိန်ခေါ်မှု များနှင့်ပတ်သက်ပြီး အဖြေမရှာနိုင်ခြင်း၊ NCA တွင် ဖော်ပြ ပါဝင်သည့် စကားလုံးများအပေါ် လိုသလို ကွဲလွဲစွာ အဓိပ္ပာယ်ဖွင့်ဆိုပြီး ပြုမူဆောင်ရွက်ချက်များကြောင့် တပ်မတော်နှင့် ဖြစ်စေ၊ အစိုးရအဖွဲ့နှင့် ဖြစ်စေ နှစ်ဖက်အကြား ဘုံသဘောထားရယူ ဖြေရှင်းနိုင်ရေးအတွက် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် KNU က ထုတ်ပြန်တောင်းဆိုခဲ့သည်။ ထို့ပြင် KNU ထိန်းချုပ်နယ်မြေအတွင်း လူထုဆွေးနွေးပွဲ များပြုလုပ်ကာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာစေရေးအတွက် ပထမဦးစားပေး ပြုလုပ်ရန်၊ ယင်းသို့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာပြီးမှသာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပြုလုပ်သွားရန် စသဖြင့် အချက်ခြောက်ချက်ပါ သဘောထားထုတ်ပြန်ချက်ကို ၂၀၂၀ ပြည့်နှစ် မေလ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

NCA အရ ဖြစ်တည်လာသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း KNU ၏ လုပ်‌ဆောင်ချက်များ အပေါ် တပ်မတော်မှဟန့်တားမှုများ ပြုလုပ်ခဲ့သဖြင့် ထိပ်တိုက်တွေ့မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိ သကဲ့သို့ KNU နယ်မြေအတွင်း ဒေသဖွံ့ဖြိုးရေးအကြောင်းပြကာ တပ်မတော်မှ လမ်းဖောက်လုပ် သည့်ကိစ္စနှင့် ပတ်သက်ပြီးလည်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့ပါသည်။ KNU အနေဖြင့် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် PPST မှ နုတ်ထွက်ခွင့်ပြု ရန် တင်ပြခဲ့သော်လည်း ၂၀၁၉ ခုနှစ်၊ မေလတွင် ပြုလုပ်သည့် အပစ်ရပ် ၁၀ ဖွဲ့၏ ထိပ်သီးခေါင်း ဆောင်များ အစည်းအဝေးမှ နုတ်ထွက်ခွင့်မပြုဘဲ ယာယီဆိုင်းငံ့ထားရန်သာ ဆုံးဖြတ်ခဲ့ပါသည်။

စစ်အာဏာသိမ်းကာလအတွင်း အကြမ်းမဖက်ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်သော နိုင်ငံ့ဝန်ထမ်းများအား ကူညီထောက်ပံ့ပေးခဲ့ပြီး နွေဦးတော်လှန်ရေးနှင့်အတူ ရပ်တည် ကာ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ခဲ့ပါသည်။ ယခုအခါ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ (NUCC) တွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသည့် KNU ထိန်းချုပ်နယ်မြေများတွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိပါသည်။

၂၀၂၂ ခုနှစ်အတွင်း ကျင်းပသော အပစ်ရပ် ၁၀ ဖွဲ့ ထိပ်သီးအစည်းအဝေးသို့ KNU ဥက္ကဋ္ဌအနေဖြင့် ၎င်း၏ ပုဂ္ဂိုလ်ရေးအရသာ တက်ရောက်မိန့်ခွန်းပြောခဲ့ပြီး အာဏာသိမ်းစစ်အုပ်စု၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းချက်ကိုမူ တပ်မတော်အနေဖြင့် နိုင်ငံရေးမှ လုံးဝထွက်ခွာမှသာ စဉ်းစားမည်ဟု KNU ပြောခွင့်ရသူက ဆိုထားပါသည်။

အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
– အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးသည့် (၆) ခုမြောက် တိုင်းရင်းသားလက်နှက်ကိုင်အဖွဲ့။
– အဆင့် ၁ – ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (ဇန်နဝါရီ ၁၂ ၊ ၂၀၁၂)
– အဆင့် ၂ – ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (ဧပြီ ၇၊ ၂၀၁၂)
– အဆင့် ၃ – တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (အောက်တိုဘာ ၁၅, ၂၀၁၅)

တရားဝင် ကိုယ်စားလှယ်များ
(အလှည့်ကျ)

တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားမှုရက်ပေါင်း
၂၀၁၉ – ၃
၂၀၂၀ – ၈
၂၀၂၁ – ၈၂
၂၀၂၂ (မတ်) – ၂၃

ဆက်ဆံရေးရုံးများ
၁။ ဘားအံ ၊ စက်တင်ဘာ ၂၉၊၂၀၁၂
၂။ ဘုရားသုံးဆူ၊ မေ ၁၅၊ ၂၀၁၂
၃။ ထီးဝီ ဧပြီ ၁၂၊ ၂၀၁၂
၄။ ကျောက်ကြီး ဧပြီ ၉၊ ၂၀၁၂
၅။ သထုံ မတ် ၅၊ ၂၀၁၂

စီးပွားဆက်ဆံရေးရုံး
၁။ မော်လမြိုင်၊ နိုဝင်ဘာ ၂၂၊ ၂၀၁၃
၂။ ဘားအံ
၃။ ရန်ကုန်

မဟာမိတ်များ
အခြားကရင်တိုင်းရင်းသားလက်နှက်ကိုင်အဖွဲ့များ။

ဆက်သွယ်ရန်
ဝက်ဆိုဒ်: http://www.knu hq.org/
အီးမေးလ်: [email protected]

Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၁ – ၂၀၂၂

LEAVE A REPLY

Please enter your comment!
Please enter your name here