ရွှေဘိုနယ် ရိုးရာလက်ရက်ကန်းများ၊ စက်ရက်များတည်ရှိရာ ထူးကြီးရွာအပါအဝင် ကျေးရွာအချို့အား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

0
203

ရွှေဘိုမြို့နယ်အတွင်းရှိ ရိုးရာ လက်ရက်ကန်း စက်ရက်ကန်းစက်များတည်ရှိရာ ထူးကြီးကျေးရွာအပါအဝင် ကျေးရွာအချို့ကို စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့ပြီး ရိုးရာ ယက်ကန်းစက်များနှင့် လူနေအိမ်ရာနှင့်ချီကာ ဖျက်ဆီးခံခဲ့ရကြောင်းလည်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်သုံးမြို့နယ်ကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့ရက်စွဲဖြင့် စစ်အုပ်ချုပ်ရေး ထပ်တိုးကျေညာခဲ့သည့်အထဲတွင် ဝက်လက်မြို့နယ်၊ အရာတော်မြို့နယ်တို့နှင့်အတူ ပါဝင်ခဲ့သော မြို့နယ်တစ်ခုလည်း ဖြစ်သည်။

စစ်အုပ်ချုပ်ရေးကျေညာပြီးနောက် ပထမဆုံးထိုးလာသော စစ်ကြောင်းတစ်ခုကို SBDF အနေဖြင့် စစ်ကြောင်းကို နောက်ဆုတ်သွားစေရန် ပြန်လည်တုန့်ပြန်နိုင်ခဲ့ကြောင်းလည်း ကိုဇေယျာက ပြောကြားသည်။

“ဒီကနေ့ကတော့ စစ်အုပ်ချုပ်ရေးကျေညာပြီး ပထမဆုံးထိုးလာတဲ့ စစ်ကြောင်းလို့ပြောရမယ်။ ဒါကိုတော့ ကျွန်တော်တို့ မိုင်းတွေ 79,40 mmတွေနဲ့ ပြန်လည် ခုခံနိုင်ခဲ့တဲ့အတွက် ပြန်ဆုတ်သွားတာကိုတော့ တွေ့ရတယ်။ မိးရှို့ဖျက်ဆီးတာတွေ မလုပ်လိုက်နိုင်ဘူးပေါ့ဗျာ။ နယ်မြေရှင်းလင်းနေတုန်းမို့ အသေးစိတ်ကိုတော့ မကြာခင် ကျွန်တော်တို့ သတင်းထုတ်ပြန်သွားဖို့ ရှိပါတယ်” ဟု ၎င်းက ပြောကြားသည်။

လက်ရှိအချိန်တွင် ရွှေဘိုမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်များအနေဖြင့် မြို့ပေါ်ကွက်ကွက်လောက်ကိုသာ ထိန်းချုပ်ထားနိုင်ပြီး ကျန်မြို့နယ်ဧရိယာများကိုတော့ တော်လှန်ရေး အင်အားစုများက ထိန်းချုပ်ထားနိုင်သည့် အနေအထားတွင်ရှိနေကြောင်းလည်း ကိုဇေယျာကဆိုသည်။

“ကျွန်တော်တို့အတတ်နိုင်ဆုံး ကြိုးစားခဲ့ပေမယ့် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ပိုင်ဆိုင်မှုတွေ ဖျက်ဆီးခံရတာကို အပြည့်အဝအကာအကွယ်မပေးနိုင်ခဲ့တဲ့အတွက် တောင်းပန်တယ်ဆိုတဲ့အကြောင်း ပြောကြားချင်ပါတယ်။ ဒါလေးကိုတော့ အစ်ကိုတို့ သတင်းဌာနကတဆင့် ထည့်သွင်းဖော်ပြပေးပါ” ဟု Shwe Bo SBDF ပြန်ကြားရေးတာဝန်ခံ ကိုဇေယျာက သတင်းစကားပါးခဲ့သည်။

ဆေကောင်ခမ်း (ရှမ်းနီအသံ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here