CNF ဌာနချုပ် လေကြောင်းတိုက်ခိုက်ခံမှုတွင် ရဲမေ ၂ ဦး အပါအဝင် ၅ ဦးကျဆုံး

0
143

ချင်းပြည်နယ် ထန်တလန်မြို့နယ် အိန္ဒိယ-မြန်မာနယ်စပ်အနီးတွင်တည်ရှိသော ချင်းအမျိုးသားတပ်ဦး CNF/CNA ဗဟိုဌာနချုပ် ဝိတိုရိယစခန်းကို စစ်ကောင်စီတပ်က ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေပိုင်း ၄ နာရီခန့်က တိုက်လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှုတွင် ချင်းအမျိုးသားတပ်မတော်မှ ရဲမေ ၂ ဦးအပါအဝင် ၅ ဦးကျဆုံးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးသွားသော ချင်းအမျိုးသားတပ်မတော် CNA ရဲဘော် ၅ ဦးမှာ ဆလိုင်းဗန်ရိုပြန်၊ ဆလိုင်းဒုသင်၊ ဆလိုင်ကီလ်မန်၊ မိုင်ငွန်လှေပါရ်နှင့် မိုင်ရွှေလဲန်ပါရ်တို့ဖြစ်ကြသည်။

စစ်ကောင်စီ၏ တိုက်လေယာဉ်သည် ဝိတိုရိယစခန်းကို အနည်းဆုံး ၅ ကြိမ်ခန့်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အိန္ဒိယပိုက်နက် မီဇိုရမ်ပြည်နယ်ဘက်သို့လည်း ဗုံးကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။

KMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here