“စစ်ကောင်စီအနေနဲ့ မြန်မာ့နိုင်ငံရေးကို ငြိမ်းချမ်းစွာအဖြေရှာမယ်ဆိုတဲ့ စိတ်သဘောထား အမှန်တကယ်ရှိတယ်ဆိုလို့ရှိရင် သူ့အနေနဲ့ NUG၊ CRPH အပါအဝင် နွေဦးတော်လှန်ရေးမှာ ပါဝင်နေကြတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့စည်းတွေနဲ့ စကားပြောဖို့လိုတယ်” ဆလိုင်းအိုက်ဇက်ခင် (ICNCC)

0
245

ICNCC အလှည့်ကျ သဘာပတိအဖွဲ့ဝင် ဆလိုင်းအိုက်ဇက်ခင်နှင့် အ‌မေးအဖြေ

၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းယူပြီးနောက် နွေးဦးတော်လှန်ရေးစတင်လာခဲ့ကြသည်မှာ ယခုဆိုရင် နှစ်နှစ်နီးပါး ရှိလာပြီဖြစ်ပါသည်။

မြန်မာ့နွေဦးတော်လှန်ရေး ဘယ်လောက်ထိ ခရီးပေါက်ပြီလဲ။ လက်ရှိနိုင်ငံရေး၊ စစ်ရေးအခြေအနေက ဘယ်လိုရှိနေပါသလဲ။ ဒီကိစ္စနှင့်ပတ်သက်၍ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) အလှည့်ကျ သဘာပတိအဖွဲ့ဝင် ဆလိုင်းအိုက်ဇက်ခင်ကို ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ ပထမဦးဆုံးအနေနဲ့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC ကို ဘယ်လိုစတင်ဖွဲ့စည်းခဲ့ကြလဲ။

ဖြေ။ ။ ဒီ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီ ICNCC ဆိုတာကတော့ ၂၀၂၁ ဧပြီလထဲမှာ ဒီတော်လှန် ရေးကာလ ချင်းလူမျိုးများရဲ့နိုင်ငံရေး စုဖွဲ့မှု Platform တစ်ခုအနေနဲ့ ဖွဲ့စည်းခဲ့တာပေါ့နော်။ ဆိုတော့ အဲ့ဒီမှာ ပါတာ ကတော့ ချင်းအမျိုးသားတပ်ဦး CNF, နောက်ပြီးတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရပြီးတော့ စစ်ကောင်စီနဲ့ ပူးပေါင်း ခြင်းမရှိတဲ့ လွတ်တော် ကိုယ်စားလှယ်တွေ၊ စစ်ကောင်စီနဲ့ ပူးပေါင်းခြင်းမရှိတဲ့ နိုင်ငံရေး ပါတီ၊ ချင်းပြည်န ယ်အခြေစိုက် နိုင်ငံရေး ပါတီတွေ၊ နောက်ပြီးတော့ ဒီ နွေဦးတော်လှန်ရေးမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ CDM ကော်မတီ စတာတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

မေး။ ။ ICNCC အနေနဲ့ အဓိက ဘာတွေလုပ်ဆောင်နေလဲ။ ဘယ်လောက်ထိအရေးပါတဲ့ အဖွဲ့အစည်းဖြစ်လဲ။

ဖြေ။ ။ ဒီတော်လှန်ရေးကာလမှာ ကျွန်တော်တို့လုပ်ရတဲ့ ကိစ္စတွေက နံပါတ် (၁) ကတော့ စစ်အာဏာရှင်စနစ် အပြီးပိုင် ဖြုတ်သိမ်းရေး၊ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးပဲဖြစ်ပါတယ်။ နံပါတ် (၂) ကတော့ ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စု တည်ဆောက်ရေး၊ နံပါတ် (၃) ကတော့ ဖက်ဒရယ် ချင်းပြည်ထောင် တည်ဆောက်ရေးပေါ့နော်။ ဒီလုပ်ငန်း သုံးခုလုပ်ရတာပေါ့။ ဆိုတော့ အဲ့လို လုပ်ငန်းသုံးခုရှိတဲ့အခါမှာ စစ်အာဏာရှင် စနစ်ဖြုတ်ချရေးအတွက် နိုင်ငံရေး နည်းလမ်းနဲ့ ICNCC ကဆောင်ရွက်ရတာရှိတယ်။ စစ်ရေးနည်းလမ်းဆိုရင်တော့ CDF တို့၊ CJDC တို့က စစ်ရေးအရ ဆောင်ရွက်ကြရတာပေါ့လေ။ ICNCC ကတော့ နိုင်ငံရေးနည်းလမ်းနဲ့ပဲ ဆောင်ရွက်တာ ဖြစ်ပါတယ်။ အဲ့တော့ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ဆိုလို့ရှိရင် NUCC အပါဝင်၊ NUG မှာလည်း ပူးပေါင်းဆောင်ရွက်နေတဲ့ အနေအထားရှိပါတယ်။ နောက်ပြီးတော့ ဖက်ဒရယ် ဒီမိုကရေစီ Charter (ချာတာ) ရေးဆွဲတဲ့အခါမှာလည်း ICNCC အနေနဲ့ပါဝင်ခဲ့ပါတယ်။ အဲ့တော့ ဒါကတော့ တစ်နိုင်ငံလုံး၊ ပြည်ထောင်စုတစ်ခုလုံးနဲ့ ဆိုင်တဲ့ကိစ္စတွေပေါ့လေ။

နောက် တစ်ခုကတော့ ဖက်ဒရယ် ချင်းပြည်ထောင် ပေါ်ပေါက်နိုင်ရေးအတွက် ဆိုလို့ရှိရင် ပြည်နယ်အတွင်းမှာရှိတဲ့ အင်အားစုတွေ မြို့နယ်အသီးသီး တော်လှန်ရေးအဖွဲ့စည်းတွေနဲ့ ပူးပေါင်းပြီးတော့ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးရတာပေါ့လေ၊ Coordinate လုပ်ပေးရတာပေါ့။ လုပ်ငန်းသုံးခု ဆောင်ရွက်လုပ်ရတာဖြစ်တယ်။ ဆိုတော့ ICNCC က အရေးကြီးသလားပြောရင် အရေးကြီးတယ်။ ဘာဖြစ်လို့ အရေးကြီးသလဲလို့မေးရင်တော့ လက်ရှိတော်လှန်ရေးကာလမှာ အထူးသဖြင့် ဒီချင်းပြည်နယ်၊ ချင်း လူမျိုးတွေကိုယ်စား စုရပ်ပေါ့နော်၊ နိုင်ငံရေး Platform တစ်ခုအနေနဲ့ရှိနေတာဖြစ်တဲ့အတွက်ကြောင့် ဒီ Platform ကနေတစ်ဆင့် ချင်းပြည်နယ် အစိုးရပေါ်ပေါက်ရေးတို့၊ နောက်ပြီးတော့ တစ်ချိန်မှာ ဖြစ်လာနိုင်တဲ့ နိုင်ငံရေး process, (Political process) တွေအတွက် ဦးဆောင်ကြရတဲ့ အနေထားက ဒီ ICNCC ကနေတစ်ဆင့် ဆောင်ရွက်ကြရတာဖြစ်ပါတယ်။ အဲ့တွက်ကြောင့်မို့လို့ ဒီ ICNCC က ချင်းလူမျိုးများအတွက် အရေးကြီးတဲ့အဖွဲ့စည်းဖြစ်တယ်လို့ ပြောချင်တာဖြစ်ပါတယ်။

မေး။ ။ ခုဆိုရင် တော်လှန်ရေးကာလကလည်း နှစ်နှစ်နီးပါးရှိလာပြီပေါ့လေ။ ပြန်သုံးသပ်ကြည့်ရင် အားရကျေနပ်မှု ရှိရဲ့လား။ ဒီတော်လှန်ရေးတကယ်အောင်မြင်နိုင်ပါ့မလား။

ဖြေ။ ။ တော်လှန်ရေးကတော့ အားလုံးသိတဲ့အတိုင်းပဲ အောင်မြင်သည့်အထိ ခြေတက်ကြရမှာပေါ့လေ။ သို့သော်လည်းပဲ ဘယ်တော့ အောင်မြင်မလဲဆိုတဲ့ကိစ္စကတော့ သူ့ရဲ့ (Timing) ရှိတာပေါ့။ Timing ဆိုတာက သူ့ရဲ့ နိုင်ငံရေး process, Political Process ရဲ့ Timing ရှိတာပေါ့။ ဆိုတော့ အထူးသဖြင့်ကတော့ ဒီ ICNCC အနေနင့် ၂ နှစ်တာနီးပါး ကာလမှာ ကျေနပ်စရာတွေ ဘယ်လောက်ရှိသလဲလို့ပြောရင် ကျေနပ်စရာအတိုင်းအတာ တစ်ခုတော့ ရှိပါတယ်။ သို့သော်လည်းပဲ အားမလို အားမရဖြစ်ရတဲ့ကိစ္စ အများကြီးရှိတာပဲလေနော်။ ဘာဖြစ်လို့လည်းဆို‌တော့ တော်လှန်ရေးကာလမှာ ကျွန်တော်တို့က အားလုံးစုပေါင်းပြီးတော့ အလုပ်လုပ်ကြရတယ်၊ မတူ ကွဲပြားမှုတွေရှိကြတယ်၊ သဘောထားကွဲလွဲတာတွေရှိတယ်၊ ညှိနှိုင်းရတာတွေရှိတယ်။ အဲ့အခါကြတော့ စိတ်တိုင်းမကျတဲ့ ကိစ္စတွေ၊ အားမလို အားမရဖြစ်ရတဲ့ကိစ္စတွေပေါ့ သူ့ဟာနဲ့သူ ရှိတယ်ပေါ့နော်။ သို့သော်လည်းပဲ စိတ်တိုင်းကြရတဲ့ အားတက်ရတဲ့ အပိုင်းကလည်း ဘာပဲပြောပြော ဒီတော်လှန်ရေးကာလမှာ ချင်းလူမျိုးတွေရဲ့ အရေးအရာတွက်ပေါ့နော် ဆွေးနွေးကြရမယ့် Platform တစ်ခုရှိနေတယ်ဆိုတဲ့ ဥစ္စာက ကျေနပ်စရာဖြစ်ပါတယ်။

ပြီးတော့ တော်လှန်ရေးက တကယ်ရော အောင်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းကတော့ ကျွန်တော်တို့ လူတိုင်းလူတိုင်းက ဖြေရမှာပဲ။ လူတိုင်းပါဝင်မယ်ဆိုလို့ရှိရင် မြန်မြန်အောင်မြင်မှာပေါ့ဗျာ။ ဆိုတော့ လူတိုင်းက ကိုယ်နဲ့မဆိုင်သလို လူတစ်စုကပဲ လုပ်ပါစေ၊ လူတစ်စုက လုပ်သွားပါလိမ့်မယ် ဆိုတဲ့ သဘောထားမျိုး၊ ရပ်တည်ချက်မျိုး ရှိနေရင်တော့ တော်လှန်ရေးဟာ နှောင့်နှေးမှာပေါ့။ ဆိုတော့ ဘယ်သူမဆို လူတိုင်းပါဝင်နိုင်ပြီးတော့၊ လူတိုင်းက ပါဝင်ကြတယ်ဆို ရင်တော့ တော်လှန်ရေးက မြန်မြန်ဆန်ဆန်ပြီးသွားမှာပဲ။ ဥပမာ အားဖြင့် ဘယ်လိုပါဝင်နိုင်မှာလဲဆိုတဲ့အခါမှာ၊ ဥပမာဆိုပါစို့ ကျွန်တော်တို့က ဝန်ထမ်းဆိုပါစို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်မှာ လည်ပတ်နေတဲ့ ယန္တရားတွေမှာ ပူးပေါင်းဆောင်ရွက်ခြင်း မရှိတော့ရင် စစ်ကောင်စီရဲ့ ယန္တရားက ရပ်ဆိုင်းသွားမှာပဲ။

ထိုနည်းတူစွာပဲ အခြားခြားသော စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ကိစ္စတွေ အကုန်လုံးရပ်ဆိုင်းသွားတဲ့အခါမှာ သူ့ဟာနဲ့သူ စစ်ကောင်စီရဲ့ ယန္တရားက ပြီးဆုံးသွားတော့မှာ အဲ့ဒီပုံစံမျိုး။ ဆိုတော့ ဒါက လူတိုင်းလုပ်နိုင်တဲ့ကိစ္စပေါ့။ အနည်းဆုံး Civil Disobedience Moment (CDM) ပေါ့နော်၊ စစ်ကောင်စီကို ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘူးဆိုရင် တော်လှန်ရေးက ထိရောက်မှုရှိနိုင်တဲ့ ဟာမျိုးဖြစ်တ ယ်။ ဆိုတော့ စစ်တိုက်နေမှ မဟုတ်ဘူး၊ လူတိုင်းက စစ်တိုက်နိုင်မှာမဟုတ်ဘူး အဲ့တော့ စစ်တိုက်တဲ့လူတွေလည်းရှိ လိမ့်မယ်။ စစ်မတိုက်တဲ့လူတွေလည်း မိမိတို့ မိမိဟာနဲ့ စစ်ကောင်စီရဲ့ ယန္တရားကို တည်ဆောက်လို့မရအောင် ဝိုင်းဝန်းပြီး တော့ Disobedience လုပ်တာပေါ့လေ။ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းလုပ်တာ ရပ်တန့်လိုက်တယ်ဆို လို့ရှိရင်တော့ အကြမ်းမဖက်တဲ့နည်းနင့် စစ်တိုက်စရာမလိုတဲ့နည်းနဲ့ ပါဝင်ဆောင်ရွက်နိုင်တဲ့အနေအထားတွေရှိတယ်။ အဲ့တော့ စစ်တိုက်မှ မဟုတ်ပါဘူး၊ စစ်လည်းတိုက်ဖို့လိုတာပေါ့ ဘာဖြစ်လို့လည်းဆိုရင် စစ်ကောင်စီက စစ်တိုက်တာကိုး၊ စစ်ကောင်စီဘက်က စစ်မတိုက်ရင် ဒီတော်လှန်ရေးသမားတွေလည်း ဘာမှတိုက်စရာလိုမှာ မဟုတ်ဘူး။

မေး။ ။ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေပေါ် ဆရာ့ရဲ့အမြင်သုံးသပ်ချက်နဲ့ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲအပေါ် အမြင်ကဘယ်လိုရှိလဲ။

ဖြေ။ ။ ၂၀၂၃ မှာ စစ်ကောင်စီက ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတာပေါ့လေ၊ ကျွန်တော်တို့က ဒီမိုကရက် တွေဖြစ်တော့ ရွေးကောက်ပွဲတော့လိုတာပေါ့၊ သို့သော်လည်းပဲ လက်ရှိအနေထားမှာ စစ်ကောင်စီဘက်က ရွေးကောက်ပွဲ လုပ်မယ်လို့ ရည်မှန်းထားတဲ့ ရွေးကောက်ပွဲဟာ နိုင်ငံရေးအဖြေတစ်ခုမဟုတ်ဘူးလို့ ကျွန်တော်ကတော့ မြင်တယ်။ ဘာဖြစ်လို့လည်းဆိုလိုရှိရင် အခုချိန်မှာ ရွေးကောက်ပွဲ လုပ်လိုက်တဲ့အချိန်မှာ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတော့ တရားမျှတမှုရှိမယ်လို့ ကျွန်တော်က မယုံဘူး။ ဘာဖြစ်လို့လည်းဆိုရင် အရင် ၂၀၂၀ တုန်းကတောင်မှ ကျွန်တော်တို့ အခက်ခဲတွေ အများကြီးရှိတယ်။ တစ်ချို့ပြည်နယ်တွေ၊ တစ်ချို့နေရာဒေသတွေမှာ လုပ်လို့မရဘူး၊ အဲ့တော့ ဒါတောင်မှ နေရာတော်တော်များများမှာ အေးအေးချမ်းချမ်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လူတွေက ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး အရသာကို ရရှိကျင့်သုံးနိုင်တဲ့ အခွင့်ရေးရရှိခဲ့တာပဲ။ အဲ့တော့ အခုလိုမျိုး နေရာတကာမှာ တိုက်ပွဲတွေဖြစ်တယ်။ နောက်ပြီးတော့ စစ်ကောင်စီဘက်က ခြိမ်းခြောက်နေတဲ့အချိန်လိုမျိုးမှာ ပြည်သူတွေဟာ လွတ်လပ်တဲ့ရွေးချယ်မှုကို လုပ်နိုင်မှာမဟုတ်ဘူး။

နောက်တစ်ခုက ဒီရွေးကောက်ပွဲမှာ ပါသင့် ပါထိုက်တဲ့ နိုင်ငံရေး ပါတီတွေ၊ နိုင်ငံရေးသမားတွေ ပါဖို့ဆိုတာ တော်တော်ခ က်တယ်။ ဥပမာအားဖြင့် လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်အပါဝင် နိုင်ငံရေးခေါင်းဆောင် တော်တော်များများဟာ ဖမ်းဆီးထိန်းသိမ်းခံထားရတယ်။ မတရားသဖြင့် ရရာ ပုဒ်မနဲ့စွဲတပ်ပြီးတော့မှ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေး သမားတွေ အများကြီးပဲ။ အဲ့တော့ ဒီလိုမျိုး နိုင်ငံရေးသမားတွေ လွတ်လွတ်လပ်လပ်နဲ့ ပြိုင်ခွင့်၊ ပြီးတော့မှ ရွေးကောက်ပွဲ ဆိုတာ မဲဆွယ်ခွင့်ရှိရမှာ။ မဲဆွယ်နိုင်ခွင့်၊ မဲဆွယ်တဲ့အခါမှာလည်း လွတ်လွတ်လပ်လပ် ပြောဆိုနိုင်တဲ့အနေ အထား၊ မဲဆွယ်နိုင်တဲ့ အနေထားပေါ့လေ ဒါတွေ ရနေမယ်လို့တော့ ကျွန်တော် မထင်ဘူး၊ မယုံဘူးပေါ့နော်။ အဲ့တော့ အဲ့ဒီအတွက်ကြောင့်မို့ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတော့၊ လွတ်လပ်စွာ မဲထည့်ဖို့၊ လွတ်လပ်စွာ မဲဆွယ်ခွင့်ရဖို့၊ လွတ်လပ်စွာ အရွေးချယ်ခံနိုင်ဖို့ဆိုတဲ့ အခြေနေက ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ကျွန်တော်က ယူဆတယ်။

အဲ့တော့ ဒီကြားထဲမှာ စစ်ကောင်စီဘက်ကနေ နိုင်ငံရေးအကျဉ်းသားတွေ အကုန်လွတ်ပေးတယ် နောက်ပြီးတော့ ပါတီတွေ အကုန်လုံးကို ရွေးကောက်ပွဲမှာ ပါဝင်ခွင့်၊ မဲဆွယ်ခွင့်၊ လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်မျိုး ဖန်တီးပေးရင်တော့ ဒါ တစ်မျိုးပေါ့လေ၊ ဒါ တစ်မျိုးစဉ်းစားရမယ်။ အဲ့တော့ တစ်ချိန်တည်းမှာပဲ လက်ရှိတိုင်းပြည်မှာဖြစ်နေတဲ့ အနေထားအား လုံးမှာ အဓိက Actor ပေါ့ဗျာ၊ actor ဆိုတာတော့ ပါဝင်နေတဲ့သူတွေ stakeholder တွေပေါ့။ အခုနိုင်ငံရေးအဖြစ်ပျက်မှုမှာ NUG၊ CRPH တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့စည်းတွေ PDF၊ CDF တွေအားလုံးက နိုင်ငံရေး actor တွေဖြစ်တယ်။ Stakeholder တွေဖြစ်တယ်။ အဲ့တော့ ဒီအားလုံးနဲ့ တစ်စုံတရာ နားလည်မှု၊ တစ်စုံတရာ သဘောတူညီမှု၊ နိုင်ငံရေးအရ အပြန်အလှန်သဘောတူညီမှု တစ်စုံတစ်ရာမရှိဘဲနဲ့ ရွေးကောက်ပွဲလုပ်လိုက်တဲ့ ဥစ္စာသည် ပြသနာတွေ ပိုပိုပြီးတော့ ရှုပ်ထွေးအောင်လုပ်လိုက်သလိုပဲ ဖြစ်တာပေါ့လေ။

ဆိုတော့ ၁၉၈၈ တုန်းကတော့ အာဏာသိမ်းတယ် ပြီးတော့မှ ၉၀ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်လိုက်တယ်။ နောက်ဆုံး ရွေးကောက်ပွဲ ပြီးသွားတဲ့အချိန်မှာတောင်မှ စစ်တပ်က အာဏာမလွဲပေးခဲ့သေးဘူး။ အဲ့တော့ အဲ့တာကိုပြန်ကြည့်ရင် ဒီ ၂၀၂၃ မှာလုပ်မဲ့ စကစ ရွေးကောက်ပွဲဆိုတာလည်းပဲ နံပါတ် (၁) လက်ရှိအချိန်မှာ နိုင်ငံရေးအရ မည်သည့်သဘော တူညီမှုမှ မရထားပဲနဲ့ ရွေးကောက်ပွဲကိုလုပ်တယ်ဆိုတဲ့ဥစ္စာသည် နိုင်ငံရေးအဖြေမဟုတ်ဘူး။ နံပါတ် (၂) အခုလိုမျိုး တိုက်ပွဲတွေ နေရာတိုင်းမှာ ဖြစ်နေပြီးတော့ စကစကို ကြောက်နေရတဲ့ ပြည်သူတွေအနေနဲ့ ဘယ်လိုနည်းနဲ့မှ ရွေးကောက်ပွဲမှာ လွတ်လပ် တရားမျှတစွာဖြစ်လာနိုင်မဲ့အနေထားမရှိဘူး။ နောက်ပြီးတော့ လွတ်လပ်စွာ ရွေးချယ်ခံပိုင်ခွင့်လည်းရှိမှာမဟုတ်ဘူး၊ လွတ်လပ်စွာမဲဆွယ်ပိုင်ခွင့်လည်းရှိမှာ မဟုတ်ဘူး၊ လွတ်လပ်စွာ မဲထည့်လို့ရမယ့်အနေအထားမရှိဘူး အဲ့ကြောင့်မို့ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး‌တော့ တရားမျှတမှုရှိမယ်လို့တော့ ကျွန်တော်မယုံဘူး။

နောက်ဆုံး အခြေနေကတော့ အခုအနေထားမှာ တကယ့် အရေးကြီးတဲ့ နိုင်ငံရေး ဖြစ်စဉ်မှာ အရေးကြီးတဲ့ Stakeholder တွေဖြစ်တဲ့ NUG၊ CRPH တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့စည်းတွေ CDF၊ PDF တာတွေနဲ့ စကစ ကြားမှာ မည်သည့်နိုင်ငံရေး သဘောတူညီမှုမှ မရှိထားတဲ့အတွက်ကြောင့်မို့ ၂၀၂၃ ရွေးကောက်ပွဲ ဆိုတဲ့ ဥစ္စာဟာ တစ်ဖက်သတ် ရွေးကောက်ပွဲဖြစ်မယ် တကယ့် ပြည်သူတွေရဲ့ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး အသံတွေ ပြည့်ပြည့်ဝဝ ကိုယ်စားပြုနိုင်မှာမဟုတ်ဘူးလို့ သုံးသပ်တာဖြစ်တယ်။ အဲ့တော့ ဒီအတိုင်းပဲ ICNCC မှာလည်း ဒီရပ်တည်ချက်ရှိတယ် CJDC မှာလည်း ဒီရပ်တည်ချက်ရှိတယ်၊ CNF မှာလည်း ဒီရပ်တည်ချက်ရှိတယ်။ အဲ့တော့ လက်ရှိ ပြည်တွင်းနိုင်ငံရေးလို့ေ ပြာရရင် အဓိကတော့ စစ်ကောင်စီအပေါ်မှာ အများကြီးမူတည်တယ်။ စစ်ကောင်စီအနေနဲ့ မြန်မာ့နိုင်ငံရေးကို ငြိမ်းချမ်းစွာအဖြေရှာမယ်ဆိုတဲ့စိတ်သဘောထား အမှန်တကယ်ရှိတယ်ဆိုလို့ရှိရင် သူ့အနေနဲ့ NUG၊ CRPH အပါအဝင်နော်၊ နွေးဦးတော်လှန်ရေးမှာ ပါဝင်နေကြတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့စည်းတွေနဲ့ စကားပြေဖို့လိုတယ်။ စကားပြော ချင်တဲ့ စိတ်ဆန္ဒရှိဖို့လိုတယ်။ စကားပြောနိုင်ဖို့ဆိုလို့ရှိရင် NUG၊ CRPH ဆိုတာတွေကို စစ်ကောင်စီအနေနဲ့ အသိမှတ်ပြုဖို့ လိုတယ်။ အသိမှတ်ပြုမှသာလျှင် လက်ရှိနိုင်ငံရေးအတွက် သွေးထွက်သံယိုမှုနည်းတဲ့ ရလဒ်မျိုးကို ရနိုင်မှာဖြစ်ပါတယ်။

မေး။ ။ ချင်းပြည်နယ်ရဲ့ စစ်ရေး နိုင်ငံရေးအခြေအနေအပေါ်မှာ ဆရာ့အမြင်သိချင်ပါတယ်။

ဖြေ။ ။ တကယ့်တကယ် စစ်တိုက်တယ်ဆိုတာက နိုင်ငံရေး ရည်မှန်းချက်အောက်မှာ ပဲ စစ်တိုက်ရတာ။ အဲ့တော့ နိုင်ငံရေး ရည်မှန်းချက်မပါပဲစစ်တိုက်တာက တကယ်စစ်တိုက်တယ်လို့ ကျွန်တော်တို့ ပြောလို့တော့မရဘူး။ ဆိုတော့ ကျွန်တော်တို့က ချင်းပြည်နယ်မှာ အခု CDF တွေ အများကြီး မြို့နယ်တိုင်းမှာရှိကြတယ် ဒါတွေဟာ တူညီတဲ့ ရည်မှန်းချက် နိုင်ငံရေး ရည်မှန်ချက် တစ်ခုအောက်မှာ သွားကြတာပေါ့လေ၊ ရည်မှန်းချက်မှာကတော့ စစ်အာဏာရှင်စနစ် အပြီးတိုင် ဖြုတ်ချနိုင်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်ရေး၊ ညီညွတ်တဲ့ ဖက်ဒရယ် ချင်းပြည်ကို ထူထောင်ကြ မယ်ဆိုတဲ့ ရည်မှန်ချက်က အားလုံးတူတယ်။ သို့သော် ဘယ်လိုစလုပ်မလဲဆိုတဲ့အခါမှာ ဆွေးနွေးညှိနှိုင်းရတဲ့ သဘောဖြစ်တယ်။

ကျွန်တော်တို့ ရည်မှန်းတဲ့ ဥစ္စာသည် စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအတွင်းမှာ ချင်းလူမျိုးတွေရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ နိုင်ငံရေး တန်းတူညီမျှခွင့်၊ ကိုယ့် ကံကြမ္မာကို ဖန်တီးပိုင်ခွင့်ဆိုတဲ့ ဖက်ဒရယ် Principle အပေါ်မှာ ကျကျနန လုပ်နိုင်ဖို့ ရည်မှန်းကြရတာပေါ့လေ၊ ကျွန်တော်တို့ရဲ့ စိတ်ဝိညာဉ်ထဲမှာ၊ နှလုံးသားထဲမှာ ကျွန်တော်တို့ ဘယ်လိုပုံစံမျိုး ချင်းပြည်ကို ဘယ်လိုထူထောင်ချင်သလဲ၊ တည်ဆောက်ချင်သလဲဆိုတဲ့ ဥစ္စာက ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ဖြစ်ပြီးသားပဲ ဘာမှ အခက်ခဲမရှိဘူး။ တစ်ချို့ကတော့လည်း အားမလို အားမရတာတွေရှိတာပေါ့လေ။ တစ်ချို့ကတော့ နည်းနည်း ပြစ်တင်ချင်တဲ့ဟာလည်း ရှိကောင်းရှိနိုင်တာပေါ့၊ စိတ်မရှည်နိုင်တဲ့ဟာလည်းရှိကောင်းရှိနိုင်တာပေါ့။ ဒါပေမဲ့လည်း ကျွန်တော်တို့ နားလည်ရမှာက အခု နှစ်နှစ်မပြည့်သေးခင်ပေါ့နော်၊ နှစ်နှစ်ပြည့်ဖို့ တစ်လ လိုသေးတာပေါ့ဗျာ။ ဒီအတွင်းမှာ ချင်းလူမျိုးတွေရထားတဲ့ အောင်မြင်မှုဟာ နည်းတာမဟုတ်ပါဘူး။ ကျွန်တော်တို့ ပေးဆပ်ရတာလည်း အများကြီးပဲ။

ကျွန်တော်တို့ ချင်းပြည်နယ် လူဦးရေ၊ ချင်းပြည်နယ်ရဲ့ အရင်းမြစ်နဲ့ ပြန်ထိုးကြည့်ရင် ကျွန်တော်တို့ ပေးဆပ်ရတာဟာ မနည်းဘူး။ တစ်ချိန်တည်းမှာ ကျွန်တော်တို့ရတဲ့ အောင်မြင်မှုကလည်း မနည်းဘူး။ အဲ့တော့ အခုချိန်မှာ ဒီအောင်မြင်မှုတွေ ဆက်ထိန်းထားဖို့ ဆိုတဲ့ ကိစ္စ၊ ရှေ့ဆက်ဘယ်လိုသွားမလဲ ဆိုတဲ့ကိစ္စ၊ ဒါတော့ ICNCC ရော၊ CJDC ဘက်ကရော၊ CNF ဘက်ကရော၊ ဒါနီးနီးကပ်ကပ် ဆွေးနွေးညှိနှိုင်းတဲ့အနေထားရှိပါတယ်။ ဆိုတော့ အဲ့ဒီအတွက်ကြောင့်မို့ တကယ့် တကယ်ဆိုရင် ဒီလိုမျိုးအနေထားမျိုးကို ကျွန်တော်တို့က ထောက်ခံအားပေးဖို့လိုတယ်ဗျာ။ အဲ့တော့ ချင်းလူမျိုးတွေ တောင်းဆိုနေတဲ့ဥစ္စာဟာ မဖြစ်သင့် မဖြစ်ထိုက်တဲ့ကိစ္စကို တောင်းဆိုနေတာမဟုတ်ဘူး။ ဒါဖြစ်သင့်ဖြစ်ထိုက်တဲ့အရာ၊ ဖြစ်ဖို့လည်းလိုအပ်တဲ့အရာကိုတောင်းဆိုနေတာဖြစ်တယ်။ အဲ့တော့ ဒါတွေကို စုစည်းသွားနိုင်တဲ့ အနေအထား တာလည်းတဖြည်းဖြည်း ရုပ်လုံးပေါ်လာမယ်လို့ပဲ ပြောချင်ပါတယ်။

မေး။ ။ ချင်းပြည်နယ်ကိုကြည့်မယ်ဆိုရင် လက်နက်ကိုင်အဖွဲ့အစည်းက အရမ်းများနေတာတွေ့ရတယ်၊ မျိုးနွယ်စုကို အခြေခံပြီး ဖွဲ့ကြတာရှိသလို ဒေသကိုအခြေခံပြီးဖွဲ့ကြတာရှိတာပေါ့လေ။ လက်နက်ကိုင်အဖွဲ့အစည်းများတာသည် ချင်းအတွက် ဘယ်လို အားသာချက် အားနည်းချက်ရှိလာနိုင်လဲ။

ဖြေ။ ။ များတယ်လို့ ယူဆကြတယ်ပေါ့လေ၊ အဲ့တော့ များရတဲ့အကြောင်းရင်းလည်း ရှိပါတယ်။ မများရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ ချင်းတွေကြားထဲမှာက မျိုးနွယ်စုတွေ များကြတယ် အထူးသဖြင့် ဦးဆောင်မှု အခန်းကဏ္ဍမှာလည်းပဲ ဝိုင်းလုပ်ချင်ကြတယ် ဆိုတဲ့အနေထားရှိတော့ အခုချင်းပြည်နယ်အတွင်းမှာ ချင်းလက်နက်ကိုင်အ ဖွဲ့စည်းတွေ အများကြီးရှိတယ်ပေါ့လေ၊ ဒါပေမဲ့ တာက ထာဝရ ရှိသွားမယ်လို့တော့ ကျွန်တော်တို့ ပြောလို့မရဘူးပေါ့နော်။ ဒါက စစ်တပ်ကို အမြဲတမ်းထူထောင်နေတာမဟုတ်ဘူး။ အခုနာမည်ပေးနေတဲ့ code က force တပ်ဖွဲ့ပေါ့နော်။ တပ်ဖွဲ့အနေနဲ့ အင်အားစုအနေနဲ့ သွားနေတာဖြစ်တယ်။ ဆိုတော့ တော်လှန်ရေး ပြီးသွားတာနဲ့ တစ်ဆင့်ဆင့် DDR Process (Disarmament Demobilization and Reintegration) တွေ သူ့ဟာနဲ့သူဖြစ်သွားမယ်။ ဆိုတော့ ကျွန်တော်နားလည်သလောက် စုဖွဲ့ထားတဲ့အဖွဲ့တွေက များတယ်ဆိုတာက လောလောဆယ်ကြည့်တာ ဒါပေမဲ့ တကယ့်တကယ်တော်လှန်ရေးပြီးသွားလို့ ဖြစ်လာမဲ့ အခင်းကျင်းမှာဆို များတယ်၊ နည်းတယ် ကိစ္စတွေက မဟုတ်ဘူးဗျာ။ အဲ့ဒီအချိန်ကြရင် ဖက်ဒရယ်တပ်မတော်၊ ဖက်ဒရယ် Army ဆိုတာ သူ့ဟာနဲ့သူရှိလာမယ်။ ပြီးတော့ ပြည်နယ် မှာလည်း သူ့ဟာသူရှိမယ်။ နောက်ပြီးတော့ ကျွန်တော်တို့က မြို့နယ်အလိုက်မှာလည်း သူ့ဟာနဲ့သူ ရှိကြမယ်။ အဲ့တော့ ဘယ်လိုပုံစံနဲ့ သွားမလဲဆိုတာတော့ ညှိနှိုင်းကြရမှာပေါ့လေ။

ဥပမာ ဖီလစ်ပိုင် အတွေ့ကြုံအရဆိုရင် ပြည်နယ်အဆင့်မှာတော့ ပြည်နယ်တပ်ဖွဲ့တွေဖြစ်သွားမှာပေါ့လေ။ မြို့နယ်မှာ ဆိုရင် မြို့နယ်အဆင့် တပ်ဖွဲ့တွေဖြစ်လာမှာ၊ အဲ့တော့ အဲ့ဒီအချိန်မှာ အခုလက်ရှိမှာကိုယ့်မြို့နယ်အလိုက်ရှိနေတဲ့ လက်နက်ကိုင်အဖွဲ့စည်းတွေက ဆက်ပြီးတော့ တာဝန်ယူမှာပဲ ဥပမာအားဖြင့် ပလက်ဝမြို့နယ်ဆိုပါစို့၊ ပလက်ဝမြို့နယ်မှာ CDF မှာ တပ်ရင်း လေးရင်းရှိတယ် သဘောက၊ အဲ့လိုဆိုလို့ရှိရင် ဒီတော်လှန်ရေးအပြီးမှာပေါ့နော်၊ Federal Army ထဲကို join ချင်တဲ့သူတွေက join မှာပဲ။ ပြီးတော့ ပြည်နယ်မှာ ပြည်နယ်အဆင့်ရှိ လုံခြုံရေးတပ်ဖွဲ့မှာပါတဲ့ သူတွေက ပါသွားမှာပဲ။ ပြီးတော့ ပလက်ဝမြို့နယ်ထဲမှာ လိုအပ်တဲ့ ရဲတပ်ဖွဲ့တွေမှာ သူ့ဟာနဲ့သူ ဖြစ်သွားမှာပဲ။ အဲ့တော့ အဲ့ဒီအချိန်ကြရင်တော့ Integration process ပေါ့နော်၊ ပေါင်းစည်းတဲ့ ဥပဒေ နည်းလမ်းနဲ့ သူ့ဟာသူ စနစ်တကျဖြစ်သွားမယ်။

ကျွန်တော် နားလည်သလောက်ဆိုရင် အခုချိန်မှာ ဖွဲ့ကြတဲ့ဥစ္စာက process အနေနဲ့ဖွဲ့ကြတယ် ဒါတော်လှန်ရေး၊ စစ်အာဏာရှင်ဖြုတ်ချရေးအတွက် လက်နက်ကိုင်ကြတဲ့အခါမှာ ဒီလိုမျိုးသွားရတယ်၊ ဒါပေမဲ့ ရေရှည်မှာကြရင်တော့ ကျွန်တော်တို့က တစ်ခုတည်းသော Command control ပေါ့နော် Chief of Command အောက်မှာရောက်သွားရမယ်။ အဲ့တော့ အဲ့လိုဖြစ်ဖို့အတွက်ကိုလည်းပဲ တွန်းအားပေးတဲ့ကိစ္စတွေရှိတယ် အထူးအဖြင့် Resource ကိစ္စတွေပေါ့နော်၊ အရင်းမြစ်၊ တာဝန်၊ ပြီးတော့ လုပ်ပိုင်ခွင့် ဒါတွေ သေချာစဉ်းစားလိုက်တဲ့အခါကြရင်တော့ တော်လှန်ရေးရဲ့အလွန်မှာ ကျွန်တော်တို့ အဖွဲ့တွေ အများကြီးရှိမှာမဟုတ်ဘူး။ ရှိစရာလည်းမလိုဘူး။ ရှိလည်းရှိမှာမဟုတ်ဘူး။ ဒါကို ကျွန်တော် ရိုးရိုးလေးယုံတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ တခြားဘာများဖြည့်စွပ်ပြောချင်တာရှိပါလဲ။

ဖြေ။ ။ အရေးကြီးတာက လက်ရှိ ဆင်နွဲနေတဲ့ နိုင်ငံရေးဆိုတာဟာ နောက်လူတစ်စုကောင်းစားဖို့မဟုတ်ဘူး၊ လူတစ်ဖွဲ့ေ ကာင်းစားဖို့မဟုတ်ဘူး။ ပါတီတစ်ခု၊ တပ်ဦးတစ်ခု ကောင်းစားဖို့မဟုတ်ဘူး။ ပြည်သူတစ်ရပ်လုံး အတွက်ဖြစ်တယ်။ အဲ့တာကို ပြည်သူတွေက နားလည်သဘောပေါက်ဖို့လိုတယ်။ ပြည်သူတွေဟာ အခက်ခဲမျိုးစုံရင်ဆိုင်ရမယ်ဆိုတာ နားလည်ပါတယ်။ သဘောလည်းပေါက်ပါတယ် ကိုယ်ချင်းလည်းစာပါတယ်။ အဲ့တော့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလိုပါပဲ။ ကျွန်တော်တို့က မကြောက်ဖို့လိုတယ်။ ခပ်ကြောက်ကြောက်ဖြစ်နေရင်တောင်မှပဲ ကျွန်တော်တို့က မကြောက်ဘူးဆိုတာပြရမယ်ဆိုတဲ့အနေထားပေါ့လေ။ အဲ့တော့ နောက်ဆုံးကတော့ ကျွန်တော်တို့ အမှန်တရားတစ်ခုကို ပြောဆိုဖို့ ကျွန်တော်တို့ ခန္ဒာကိုယ်တစ်ခုလုံး တုန်လှုပ်နေရင်တောင်မှ အမှားကို မပြောမိဖို့ဘဲ ဖြစ်ပါတယ်။ ပြောချင်တာက CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကိုတော်လှန် တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီ ယန္တရားကို မထောက်ခံဖို့လိုပါတယ်။ ဒါ လူတိုင်းလုပ်နိုင်တဲ့ကိစ္စဖြစ်ပါတယ်။

KMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here